မိုင်းဖြတ်မြို့နယ် ငါးဟေကျေးရွာ မီးဘေးသင့်ပြည်သူများအား ဒုတိယအကြိမ် ထောက်ပံ့ငွေနှင့် စားသောက်ဖွယ်ရာများ ပေးအပ်လှူဒါန်း

မိုင်းဖြတ်မြို့နယ် ငါးဟေကျေးရွာ မီးဘေးသင့်ပြည်သူများအား ဒုတိယအကြိမ် ထောက်ပံ့ငွေနှင့် စားသောက်ဖွယ်ရာများ ပေးအပ်လှူဒါန်း
ဧပြီ 12, 2014
By Tachileik News Agency
မိုင်းဖြတ်မြို့နယ်၊ နမ့်ပန်ကျေးရွာအုပ်စု၊ ငါးဟေကျေးရွာတွင် ဧပြီလ(၉) ရက်က ဦးလော်တား-ဒေါ်နာဖေ့  မိသားစု နေအိမ်၌ ချက်ပြုတ်စားသောက်သော မီးဖို၏ မီးကြွင်း၊ မီးကျန်မှတစ်ဆင့်စတင် မီးလောင်ကျွမ်းခဲ့ပြီး၊ ကျေးရွာရှိ အခြားလူနေအိမ်ခြေများပါ မီးကူးစက်လောင်ကျွမ်းခဲ့သည်။

မီးလောင်ကျွမ်းခြင်းကြောင့် အိုးမဲ့အိမ်မြဲ့ဖစ်ခဲ့သည့် မီးဘေးသင့် ကျေးရွာနေပြည်သူများအား ထောက်ပံ့ငွေ၊ အသုံးအဆောင် ပစ္စည်းများနှင့် စားသောက်ဖွယ်ရာများ ဒုတိယအကြိမ် ပေးအပ်ပွဲကို ယနေ့ ဧပြီလ (၁၁) ရက်၊ မွန်းလွဲ (၂) နာရီခွဲက  အမကကျောင်းရှိ ယာယီစခန်းတွင် ကျင်းပပြုလုပ်ကြောင်း သိရသည်။

အဆိုပါ  ထောက်ပံ့ပေးအပ်ပွဲသို့ ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဦးစိုင်းကျောက်၊ ပြည်နယ်လွှတ်တော်
ကိုယ်စားလှယ်  ဦးမောရှည်၊ ပြည်နယ်ပြည်ခိုင်ဖြိုးပါတီ အလုပ်အမှုဆောင် ဦးထွန်းရွှေ  နှင့်   မြို့နယ်အုပ်ချုပ်ရေးမှူး ဦးအောင်မြင့်ကျော်တို့  လိုက်ပါအားပေးခဲ့ပြီး၊ အမျိုးသားလွှတ်တော် ကိုယ်စားလှယ်  ဦးဝီလ်ဆင်မိုး  မိသားစုမှ ငွေကျပ် (၁၁၄၄၈၀၀)တန်ဖိုးရှိ အ၀တ်အထည်၊  ဆန်နှင့်စားသောက်ဖွယ်ရာ   ပစ္စည်းများကိုလည်းကောင်း၊ ပြည်နယ်လွှတ်တော်ကိုယ်စားလှယ် ဒေါ်တင်မေထွန်း  မိသားစု မှ     ငွေကျပ်(၁၅၀၀၀၀)တန်ဖိုးရှိ အ၀တ်အထည် အရွယ်စုံများ ကိုလည်းကောင်း ပေးအပ်လှူဒါန်းကြသည်။

ဆက်လက်၍ တာချီလိတ်မြို့ ရွှေတာချီခရီးသွားလုပ်ငန်းအသင်း ဥက္ကဋ္ဌ  ဦးစိုင်းကျော်ဇံ  နှင့်  အဖွဲ့ဝင်များက ငွေကျပ် (၃၅၀၀၀၀)တန်ဖိုးရှိ စားသောက်ဖွယ်ရာများကို လည်းကောင်း၊ တာချီလိတ်မြို့ မေတ္တာရှင် သာရေး၊ နာရေးအသင်း ဥက္ကဋ္ဌ ဦးဘိုစံ နှင့် အဖွဲ့ဝင်များက ငွေကျပ် (၃၅၀၀၀၀)တန်ဖိုးရှိ  စားသောက်ဖွယ်ရာများကို လည်းကောင်း၊ တာချီလိတ် ခရိုင်နှင့်မြို့နယ် ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီ မှ ငွေကျပ်(၄၅၀၀၀၀)တန်ဖိုးရှိ  အိမ်သုံးပစ္စည်းများနှင့် စားသောက်ကုန် ပစ္စည်းများကို လည်းကောင်း၊ ဦးဝေယံဦး (Winner ဂေါက်စတိုး-တာချီလိတ်)မှ  ငွေကျပ် (၁၅၀၀၀၀)တန်ဖိုးရှိ အသုံးအဆောင် ပစ္စည်းနှင့် စားသောက်ဖွယ်ရာများကိုလည်းကောင်း လှုဒါန်းကြသည်။

တဆက်တည်းမှာပင် မြန်မာနိုင်ငံကြက်ခြေနီ အသင်းဌာနချုပ်မှ ငွေကျပ်(၆၈၀၀၀၀၀)တန်ဖိုးရှိ မိုးကာတဲ၊ အခင်းများနှင့်အသုံးအဆောင် ပစ္စည်းများကိုလည်းကောင်း၊ တွဲဖက်ပြည်နယ်ကျန်းမာရေးဦးစီးဌာနမှ ငွေကျပ်(၁၃၆၀၀၀၀)တန်ဖိုးရှိ family kit (၆၈)စုံကို လည်းကောင်း၊ တာချီလိတ်ခရိုင် ပြည်သူ့ဆောက်လုပ်ရေး လုပ်ငန်းမှ ငွေကျပ်(၂၃၀၀၀၀)တန်ဖိုးရှိ အသုံးအဆောင်ပစ္စည်းများကို လည်းကောင်း၊ ဦးကျလော (မိုင်းကိုးပြည်သူ့စစ်အဖွဲ့ )မှ ငွေကျပ်(၁၀)သိန်း တန်ဖိုးရှိ စားသောက်ကုန် ပစ္စည်းများကို လည်းကောင်း၊  တာချီလိတ်မြို့ တိုင်းရင်းသားစည်းလုံးညီညွတ်ရေးပါတီမှ  ငွေကျပ်(၂၈၀၀၀၀)တန်ဖိုးရှိ  အ၀တ်အထည်နှင့် စားသောက်ကုန်များကို လည်းကောင်း၊  မိုင်းဖြတ်မြို့၊ ကွက်သစ်ရပ်ကွက်မှ ဦးစောလု မိသားစုမှ ငွေကျပ်(၁၀၀၀၀၀)တန်ဖိုးရှိ  စားသောက်ကုန်များကို လည်းကောင်း၊   လားဟူတိုင်းရင်းသားများ ဖွံ့ဖြိုးတိုးတက်ရေးပါတီမှ ငွေကျပ်(၃၀၀၀၀၀)တန်ဖိုးရှိ  စားသောက်ဖွယ်ရာများကို လည်းကောင်း၊  မြို့နယ် ဌာနဆိုင်ရာများမှ ငွေကျပ်(၁၉၀၀၀)တန်ဖိုးရှိ  စားသောက်ဖွယ်ရာများကို လည်းကောင်း   အသီးသီး ထောက်ပံ့ပေးအပ်ခဲ့သည်။

ယနေ့ အခမ်းအနားတွင်  ထောက်ပံ့ငွေနှင့် ပစ္စည်းတန်ဖိုးစုစုပေါင်းမှာ ငွေကျပ် တစ်ရာ့နှစ်ဆယ်ခြောက်သိန်းရှစ်သောင်းသုံးထောင့်ရှစ်ရာကျပ်ရှိကြောင်း သိရှိရသည်။

ဓါတ်ပုံ/သတင်း။           ။ ဝေယံလင်း
~⊱•❈❀ღ✿⊰❂⊱✿ღ❀❈•⊰~
Tachileik Online News
~⊱•❈❀ღ✿⊰❂⊱✿ღ❀❈•⊰~
~~~~~~~~~~~~~~~~~~ ကြော်ငြာ ~~~~~~~~~~~~~~~~~~~~
~~~~~~~~~~~~~~~~~~ ~~~~~~~~~~~~~~~~~~~~