တာချီလိတ်မြို့ ပုန်းထွန်ရပ်ကွက်၌ စိတ်ကြွဆေးပြား အနည်းငယ် ဖမ်းဆီးရရှိ

တာချီလိတ်မြို့ ပုန်းထွန်ရပ်ကွက်၌ စိတ်ကြွဆေးပြား အနည်းငယ် ဖမ်းဆီးရရှိ
ဧပြီ 10, 2014
By Tachileik News Agency
ရှမ်းပြည်နယ် အရှေ့ပိုင်းဒေသ တာချီလိတ်မြို့နယ် မူးယစ်တပ်ဖွဲ့စု(၃၀)တာချီလိတ် ပါဝင်သည့် ပူးပေါင်းအဖွဲ့မှ ယနေ့ ဧပြီလ(၁၀)ရက် နံနက် (၇း၃၀)နာရီအချိန်က တာချီလိတ်မြို့ ပုန်းထွန်ရပ်ကွက်၊ အားခေရွာလမ်း အိမ်အမှတ် (၁၄-၈/xxxx)၌ စိတ်ကြွဆေးပြား တစ်ရာကျော်နှင့်အတူ တရားခံနှစ်ဦးအား ဖမ်းဆီးရမိကြောင်း သတင်းရရှိသည်။

ဖြစ်စဉ်မှာ အဆိုပါ ပူးပေါင်းအဖွဲ့တို့သည် တာချီလိတ်မြို့ ပုန်းထွန်ရပ်ကွက်၊ အားခေရွာလမ်း အိမ်အမှတ် (၁၄-၈/xxxx)၌ မူးယစ်ဆေးဝါးသတင်းအရ ၀င်ရောက်ရှာဖွေရာ အိမ်ရှင်ဖြစ်သူ မထားxxxx နှင့်အတူ မောင်ဘိုxxxတို့အား နေအိမ် အိပ်ခန်းအတွင်း၌ အသင့်တွေ့ရှိရပြီး ဆက်လက်ရှာဖွေစစ်ဆေးရာ အိပ်ယာ ခေါင်းရင်းဘက်ရှိ သွပ်ပြားကြားမှ Wyစာတန်းပါ ပန်းရောင် စိတ်ကြွရူးသွပ်ဆေးပြား (၁၀၈)ပြားကို ရှာဖွေတွေ့ရှိရကြောင်း သိရသည်။

ဆက်လက်၍  မူးယစ်ဆေးဝါးများနှင့်အတူ တွေ့ရှိရသည့် အဆိုပါ တရားခံနှစ်ဦးအား တာချီလိတ်မြို့မရဲစခန်းမှ မယ(ပ)၅၅/၂၀၁၄၊ မူး/စိတ်ပုဒ်ပ ၁၅/၁၉(က)/၂၁ အရ အမှုဖွင့် အရေးယူဆောင်ရွက်ထားရှိကြောင်း သတင်းရရှိသည်။

~⊱•❈❀ღ✿⊰❂⊱✿ღ❀❈•⊰~
Tachileik Online News
~⊱•❈❀ღ✿⊰❂⊱✿ღ❀❈•⊰~
~~~~~~~~~~~~~~~~~~ ကြော်ငြာ ~~~~~~~~~~~~~~~~~~~~
~~~~~~~~~~~~~~~~~~ ~~~~~~~~~~~~~~~~~~~~