တာချီလိတ်၌ လက်နက်နှင့်ကျည်တောင့် အပါအ၀င် မူးယစ်ဆေးဝါး အနည်းငယ် ဖမ်းဆီးရရှိ

တာချီလိတ်၌ လက်နက်နှင့်ကျည်တောင့် အပါအ၀င် မူးယစ်ဆေးဝါး အနည်းငယ် ဖမ်းဆီးရရှိ
ဧပြီ 18, 2014
By Tachileik News Agency
ယနေ့ ဧပြီလ(၁၈)ရက် ညနေ(၆)နာရီအချိန်က တာချီလိတ်မြို့ မယ်ယန်းပူးပေါင်း စစ်ဆေးရေးစခန်းတွင် သေနတ်တစ်လက်နှင့် ကျည်တောင့်များအပါအ၀င် မူးယစ်ဆေးဝါး အနည်းငယ်တို့ကို တရားခံနှင့်အတူ ဖမ်းဆီးရမိကြောင်း သတင်းရရှိသည်။

ဖြစ်စဉ်မှာ မူးယစ်တပ်ဖွဲ့စု(၃၀)တာချီလိတ် အပါအ၀င် အဆိုပါ ဂိတ်တွင် တာဝန်ကျနေသော လုံခြုံ စစ်ဆေးရေးအဖွဲ့ အသီးသီးတို့ပါရှိသည့် ပူးပေါင်းအဖွဲ့မှ တောင်ကြီး၊ ကျိုင်းတုံ၊ မိုင်းဖြတ်၊ တာလေ စသည့် အခြားမြို့များမှ တာချီလိတ်မြို့ထဲသို့ ၀င်ရောက်လာသည့် မော်တော်ယာဉ်များကို တားမြစ်၍ စစ်ဆေးမှုများ ပြုလုပ်နေကြစဉ် တာလေဘက်မှ တာချီလိတ်သို့ ၀င်ရောက်လာသည့် မောင်ဇင်xxx၏ မော်တော်ယာဉ်အား တားမြစ်စစ်ဆေးရှာဖွေရာ 9MM ပစ္စတိုသေနတ် (၁)လက် နှင့် ၂၀၁၁ 9P စာတမ်း ရိုက်နှိပ်ထားသည့် ကျည်အကောင်း (၅)တောင့်နှင့် ကျည်ရိုက်တံ ရိုက်နှိပ်ပြီးဖြစ်သော ကျည်(၄)တောင့် စုစုပေါင်း ကျည်(၉)တောင့် နှင့် ကျည်ရိုက်တံ ရိုက်နှိပ်ပြီး Luger ကျည်(၁)တောင့်၊ ၉၆၉ စာတမ်းရိုက်နှိပ်ထားသည့် 9MM ကျည်အကောင်း(၁)တောင့်၊ စုစုပေါင်း ကျည်(၁၁)တောင့်အား ရှာဖွေတွေ့ရှိရကြောင်း သိရသည်။

ဆက်လက်၍ မော်တော်ယာဉ်အတွင်း ရှာဖွေရာ Red Ruby စီးကရက်ဗူးခွံဖြင့် ထည့်ထားသည့် Wy စာတမ်းပါ ပန်းရောင် စိတ်ကြွဆေးပြား (၃၄)ပြား နှင့် အစိမ်းရောင်(၁)ပြား စုစုပေါင်း စိတ်ကြွဆေးပြား (၃၅)ပြားကို ရှာဖွေတွေ့ရှိရာ တရားမ၀င်လက်နက်/ခဲယမ်းများနှင့် လက်ဝယ်တွေ့ရှိရသူ မောင်ဇင်xxx အား တာချီလိတ်မြို့မရဲစခန်းမှ မယ(ပ)၅၉/၂၀၁၄၊ မူး/စိတ်ပုဒ်မ ၁၅/၁၉(က)/၂၂(ခ)အရ အမှုဖွင့်အရေးယူ ဆောင်ရွက်ထားရှိကြောင်း သတင်းရရှိသည်။

~⊱•❈❀ღ✿⊰❂⊱✿ღ❀❈•⊰~
Tachileik Online News
~⊱•❈❀ღ✿⊰❂⊱✿ღ❀❈•⊰~
~~~~~~~~~~~~~~~~~~ ကြော်ငြာ ~~~~~~~~~~~~~~~~~~~~
~~~~~~~~~~~~~~~~~~ ~~~~~~~~~~~~~~~~~~~~