ဆွမ်းဦးလောင်းလှူ၊ ရှင်ပြုနားသ အလှူတော်အောင်ပွဲအဖြစ် ဓမ္မစေတီဆရာတော်မှ နှစ်ညတိုင်တိုင် တာချီလိတ်၌ တရားတော်ဟောကြားတော်မူရာ အောင်မြင်စွာ ပြီးမြောက်

ဆွမ်းဦးလောင်းလှူ၊ ရှင်ပြုနားသ အလှူတော်အောင်ပွဲအဖြစ် ဓမ္မစေတီဆရာတော်မှ နှစ်ညတိုင်တိုင် တာချီလိတ်၌ တရားတော်ဟောကြားတော်မူရာ အောင်မြင်စွာ ပြီးမြောက်
ဧပြီ 4, 2014
By Tachileik News Agency
၂၀၁၄ခုနှစ် မတ်လ(၃၀)ရက်နေ့တွင် ကျရောက်ခဲ့သော တာချီလိတ်မြို့ အလင်းရောင်ပရဟိတအသင်း၏ စုပေါင်းဆွမ်းလောင်းလှူပွဲ အကြိမ်(၅၀)မြောက်အဖြစ် ရွှေရတုအထိမ်းအမှတ် စုပေါင်း ဆွမ်းဦးလောင်းလှူပွဲကို ပြုလုပ်ကျင်းပခဲ့သည့် ကမကထ အလှူရှင်ဖြစ်သော ဦးဇော်မြင့် + ဒေါ်မာမာဝင်း "ဖြိုး"ကုန်မျိုးစုံဆိုင် မိသားစု တို့မှ ဆွမ်းဦးလောင်းလှူ၊ ရှင်ပြုနားသ အောင်ပွဲ အဖြစ် တာချီလိတ်မြို့နယ်ဓမ္မာရုံ၌ ဧပြီလ(၂)ရက်နှင့် ဧပြီလ(၃)ရက် နှစ်ညတိုင်တိုင် တရားပွဲကျင်းပပြုလုပ်ရာ ဓမ္မစေတီဆရာတော် ဥူးကောသလ္လမှ တရားတော်ဟောကြားတော်မူခဲ့သည်။

ဓမ္မစေတီဆရာတော် ဥူးကောသလ္လမှ ဧပြီလ (၂)ရက် နှင့် (၃)ရက် စုစုပေါင်း နှစ်ညတိုင်တိုင် တရားတော်ဟောကြားတော်မူရာ ရှင်ပြုနားသ အောင်ပွဲအဖြစ် ပြုလုပ်သော တရားပွဲဖြစ်သည့်အတွက်  ဆရာတော်မှ အဆိုပါ နှစ်ညတိုင်တိုင်တွင် ဘုရားရှင် တောထွက်တော်မူသည့် အကြောင်းအရာနှင့် ဘုရား၏ သားတော် ရာဟုလာမှ သာသနာ့ဘောင်သို့ ၀င်ရောက်ပုံ စသည့် အကြောင်းအရာများကို ဟောကြားတော်မူသည်။

အဆိုပါ နှစ်ညတိုင်တိုင် တရားပွဲတွင် အလှူရှင်မိသားစုမှ တရားပွဲသို့ တရားနာလာရောက်ကြသူများ အနေဖြင့် မိမိတို့အိမ်တွင် ပူဇော်ထားရှိ ကိုးကွယ်နိုင်ရန်အတွက် ဗုဒ္ဓရုပ်ပွား ကြေးဆင်းတုတော် (၃)ဆူကို မဲဖောက်လှူဒါန်းရာ ဓမ္မစေတီဆရာတော် ကိုယ်တိုင် မဲနှိုက်၍ မဲပေါက်သူအား ဆရာတော်မှပင် ပေးအပ်လှူဒါန်းသည်။

( ဆွမ်းဦးလောင်းလှူပွဲ ရုပ်သံတင်ဆက်မှု)


ဦးဇော်မြင့် + ဒေါ်မာမာဝင်း "ဖြိုး"ကုန်မျိုးစုံဆိုင် မိသားစု တို့မှ အလင်းရောင်ပရဟိတအသင်း၌ အကြိမ်(၅၀)မြောက်အဖြစ် ဆွမ်းဦးလောင်းလှူပွဲကို ကမကထ ပြုလုပ်လှူဒါန်းရာ သံဃာ၊ ကိုရင် နှင့် သီလရှင် စုစုပေါင်း အပါး(၇၀၀)ကျော်တို့ကို စုပေါင်းဆွမ်းလောင်းခဲ့ကြပြီး ရှင်ပြုနားသ အလှူတော်ကို ဧပြီလ(၁)ရက်နှင့် ဧပြီလ(၂)ရက်နေ့တို့တွင် ပြုလုပ်ခဲ့တာဖြစ်ပြီး အလှူတော်အောင်ပွဲအဖြစ် တရားပွဲကို ဧပြီလ(၂)ရက်နှင့် (၃)ရက်တို့မှာ ကျင်းပပြုလုပ်ခဲ့ကြရာ ဝေယျာဝစ္စအဖြစ် အလင်းရောင်ပရဟိတအသင်း နှင့် အလှူရှင်မိသားစုတို့၏ ဓမ္မမိတ်ဆွေများမှလည်း လုပ်အားဒါနပြုကြသည်ကိုလည်း တွေ့ရှိရသည်။

ယခုလို ဆွမ်းဦးလောင်းလှူ၊ ရှင်ပြုနားသ၊ ဓမ္မပူဇာအလှူမင်္ဂလာသည် တာချီလိတ်မြို့နယ်တွင် ကျင်းပပြုလုပ်သော အလှူပွဲကြီးအနက် တစ်ခုအပါအ၀င် ဖြစ်ကြောင်း တရားပွဲ ကြွရောက်လာသည့် ဧည့်ပရိသတ်အချို့မှ သုံးသပ်ပြောဆို ချီးမွမ်းနေကြသည်ကိုလည်း သိရှိရသည်။

ပုံများကိုကြည့်ရန်
ဓမ္မစေတီဆရာတော်၏ တာချီလိတ် ပထမည တရားပွဲ

82 photos

ဓမ္မစေတီဆရာတော်၏ နှစ်ညတိုင်တိုင် နောက်ဆုံးည တာချီလိတ် တရားပွဲ

60 photos

ဓမ္မစေတီဆရာတော်၏ တရားပွဲ၌ အလှူရှင်များမှ ဘုရားမဲဖောက်ပေး

42 photos
~⊱•❈❀ღ✿⊰❂⊱✿ღ❀❈•⊰~
Tachileik Online News
~⊱•❈❀ღ✿⊰❂⊱✿ღ❀❈•⊰~
~~~~~~~~~~~~~~~~~~ ကြော်ငြာ ~~~~~~~~~~~~~~~~~~~~
~~~~~~~~~~~~~~~~~~ ~~~~~~~~~~~~~~~~~~~~