သန်းခေါင်စာရင်း ကောက်ယူရာ၌ အကြောင်းအမျိုးမျိုးကြောင့် ကျန်ရှိနေပါက ကွပ်ကဲရေးရုံးများသို့ အမြန်ဆုံး လာရောက် စာရင်းပေးသွင်းနိုင်

သန်းခေါင်စာရင်း ကောက်ယူရာ၌ အကြောင်းအမျိုးမျိုးကြောင့် ကျန်ရှိနေပါက ကွပ်ကဲရေးရုံးများသို့ အမြန်ဆုံး လာရောက် စာရင်းပေးသွင်းနိုင်
ဧပြီ 9, 2014
By Tachileik News Agency
၂၀၁၄ခုနှစ်၊ ပြည်လုံးကျွတ်သန်းခေါင်စာရင်းကောက်ယူခြင်းကို မတ်လ (၃၀) ရက်နေ့က စတင် ကောက်ယူခဲ့ရာ မနက်ဖြန် ဧပြီလ (၁၀) ရက်နေ့ နောက်ဆုံးဖြစ်ပါသည်။

ယင်းကိစ္စနှင့် ပတ်သက်၍ အကြောင်းအမျိုးမျိုးကြောင့် သန်းခေါင်စာရင်းကောက်ယူရန် ကျန်ရှိနေသည့် အိမ်ထောင်စုများ၊ အိမ်ငှါးနေထိုင်သူများ၊ တိုင်းရင်းသားပြည်သူများ အနေဖြင့် မနက်ဖန် ဧပြီလ (၁၀) ရက် ညနေ (၆) နာရီထိ ရပ်ကွက် ကွပ်ကဲရေးရုံးနှင့် မြို့နယ်လူဝင်မှုကြီးကြပ်ရေးနှင့်အမျိုးသား မှတ်ပုံတင်ရေးဦးစီးဌာနရုံးတို့မှာ သွားရောက် သန်းခေါင်စာရင်း ပေးသွင်းနိုင်ကြောင်း မြို့နယ် လူဝင်မှုကြီးကြပ်ရေးနှင့် အမျိုးသားမှတ်ပုံတင်ရေး ဦးစီးဌာနရုံးမှ သိရှိရသည်။

သတင်း။   ။ မောင်ဆွေငြိမ်း
~⊱•❈❀ღ✿⊰❂⊱✿ღ❀❈•⊰~
Tachileik Online News
~⊱•❈❀ღ✿⊰❂⊱✿ღ❀❈•⊰~
~~~~~~~~~~~~~~~~~~ ကြော်ငြာ ~~~~~~~~~~~~~~~~~~~~
~~~~~~~~~~~~~~~~~~ ~~~~~~~~~~~~~~~~~~~~