ရှမ်းပြည်နယ် မြောက်ပိုင်း ကွတ်ခိုင်၌ စိတ်ကြွဆေးပြား ဖမ်းဆီးရမိ

ရှမ်းပြည်နယ် မြောက်ပိုင်း ကွတ်ခိုင်၌ စိတ်ကြွဆေးပြား ဖမ်းဆီးရမိ
ဧပြီ 9, 2014
By Tachileik News Agency
ရှမ်းပြည်နယ် မြောက်ပိုင်းဒေသ မူဆယ်ခရိုင် မူးယစ်တပ်ဖွဲ့စု(၂၂) မူဆယ် နှင့် ကွတ်ခိုင်လှုပ်ရှား မူးယစ်အဖွဲ့တို့ ပါဝင်သည့် ပူးပေါင်းအဖွဲ့မှ ယနေ့ ဧပြီလ(၈)ရက် ညနေ (၆း၃၀)နာရီအချိန်ခန့်က  ကွတ်ခိုင်မြို့ အထွက်၌ စိတ်ကြွဆေးပြား အနည်းငယ်နှင့် တရားခံနှစ်ဦးအား ဖမ်းဆီးရမိကြောင်း သတင်းရရှိသည်။

ဖြစ်စဉ်မှာ အဆိုပါ ပူးပေါင်းအဖွဲ့တို့သည် ကွတ်ခိုင်မြို့အထွက် ကောင်းခါးလမ်းခွဲထိပ် လမ်းမပေါ်တွင် မူးယစ်ဆေးဝါး တားဆီးနှိမ်နင်းရေး လုပ်ငန်းများ ဆောင်ရွက်နေကြစဉ် ကောင်းခါးဘက်မှ ကွတ်ခိုင်ဘက်သို့ ချန်းယော်xxမောင်းနှင်လာပြီး တိန်ဘောင်xx နောက်မှ စီးနင်းလိုက်ပါလာသည့် ဆိုင်ကယ်အား မသင်္ကာ၍ ရပ်တန့်ရှာဖွေ စစ်ဆေးရာ ယာဉ်နောက်မှ စီးနင်းလိုက်ပါလာသည့် တိန်ဘောင်xxထံမှ 88 နှင့် 1 စာတန်းတစ်ဖက်စီပါသည့် ပန်းရောင် စိတ်ကြွရူးသွပ်ဆေးပြား (၁၄၀)ပြားကို ရှာဖွေတွေ့ရှိရကြောင်း သိရသည်။

ထိုသို့ စိတ်ကြွဆေးပြားများအား ရှာဖွေတွေ့ရှိရသည့်အတွက် အဆိုပါ နှစ်ဦးအား ကွတ်ခိုင်မြို့မရဲစခန်းမှ မယ(ပ)၄၂/၂၀၁၄၊ မူး/စိတ်ပုဒ်မ ၁၅/၁၉(က)၂၁အရ အမှုဖွင့်အရေးယူ ဆောင်ရွက်ထားရှိကြောင်း သတင်းရရှိသည်။

~⊱•❈❀ღ✿⊰❂⊱✿ღ❀❈•⊰~
Tachileik Online News
~⊱•❈❀ღ✿⊰❂⊱✿ღ❀❈•⊰~
~~~~~~~~~~~~~~~~~~ ကြော်ငြာ ~~~~~~~~~~~~~~~~~~~~
~~~~~~~~~~~~~~~~~~ ~~~~~~~~~~~~~~~~~~~~