မြေး ၁၅ ဦးတို့၏ အဖွား အသက် ၈၅ နှစ်အရွယ် ဒေါ်နန်းလျှိုး၏ နာရေးသို့ လိုက်ပါပို့ဆောင်နိုင်ရန် ဖိတ်ကြား ( နာရေးသတင်း )

မြေး ၁၅ ဦးတို့၏ အဖွား အသက် ၈၅ နှစ်အရွယ် ဒေါ်နန်းလျှိုး၏ နာရေးသို့ လိုက်ပါပို့ဆောင်နိုင်ရန် ဖိတ်ကြား ( နာရေးသတင်း )
ဧပြီ 13, 2014
By Tachileik News Agency
တာချီလိတ်မြို့ မကာဟိုခမ်းရပ်ကွက်၊ ဗိုလ်ချုပ်လမ်းမဘေးရှိ အိမ်အမှတ် (၄/၁)တွင် နေထိုင်သူ မြေး(၁၅)ဦးရှိ အသက်(၈၅)နှစ်အရွယ် အဖွား ဒေါ်နန်းလျှိုးသည် ယနေ့ ၂၀၁၄ခုနှစ် ဧပြီလ(၁၃)ရက် မွန်းလွဲပိုင်းက ကွယ်လွန်သွားရာ သေဆုံးသူ၏ ရုပ်အလောင်းအား ၂၀၁၄ခုနှစ် ဧပြီလ(၁၄)ရက် မွန်းလွှဲ(၃)နာရီအချိန်မှာ နေအိမ်မှ တာချီလိတ်မြို့ရှိ လွယ်စတုံ သင်္ချိုင်းသို့ ပို့ဆောင်သဂြုင်္ိဟ်မှာ ဖြစ်သည့်အတွက် အသိမိတ်ဆွေများမှ လိုက်ပါပို့ဆောင်ပေးနိုင်ပါရန်  တာချီလိတ်အွန်လိုင်းမှ နာရေးကြော်ငြာသတင်း ဖော်ပြလိုက်ပါသည်။

သေဆုံးသူ အသက်(၈၅)နှစ်ရှိ အဖွား ဒေါ်နန်းလျှိုးသည် ဦးစိုင်းအွတ် + ဒေါ်နန်းလုံ၊ ဦးစိုင်းစွံဆိုင်း + ဒေါ်နန်းဟွမ်၊ ဦးစိုင်းရီစံခတ် + ဒေါ်နန်းဆော့၊ ဦးစိုင်းလုံစံခတ် + ဒေါ်နန်းဆီဝမ်း၊ (ဦးစိုင်းနွဲစံခတ်) + ဒေါ်နန်းကျောက် နှင့် ဦးစိုင်းတီ + ဒေါ်နန်းနီနီခင်တို့၏ မိခင်ကြီးဖြစ်သည်။

အဖွားဒေါ်နန်းလျှိုး ကွယ်လွန်သွားခြင်းနှင့် ပတ်သက်၍ ကျန်ရစ်သူမိသားစုများအား တာချီလိတ်မြို့ မဟာမြတ်မုနိဘုရားကြီးကျောင်းတိုက် ဆရာတော် အဂ္ဂမဟာသဒ္ဓမ္မဇောတိကဓဇ ဘဒ္ဒန္တပညာသာမိမှ အဆိုပါ မွန်းလွှဲပိုင်းမှာပင် ကြွရောက်၍ တရားဓမ္မဖြင့် နှစ်သိမ့်ပေးတော်မူသည်။

နာရေးကိစ္စနှင့် ပတ်သက်၍ ဆက်သွယ်ရန်

ဦးစိုင်းစွံဆိုင်း
အိမ်အမှတ် (၄/၁)၊ ဗိုလ်ချုပ်လမ်းမကြီးဘေး၊
မကာဟိုခမ်းရပ်ကွက်၊ တာချီလိတ်မြို့။
ထိုင်းဖုန်း။        ။ 089-9521521
မြန်မာဖုန်း။          ။ 094-58032054

~⊱•❈❀ღ✿⊰❂⊱✿ღ❀❈•⊰~
Tachileik Online News
~⊱•❈❀ღ✿⊰❂⊱✿ღ❀❈•⊰~
~~~~~~~~~~~~~~~~~~ ကြော်ငြာ ~~~~~~~~~~~~~~~~~~~~
~~~~~~~~~~~~~~~~~~ ~~~~~~~~~~~~~~~~~~~~