တာချီလိတ်မြို့ ၀မ်ကောင်းမြို့မဈေးသစ် ၇၀% ဆောက်လုပ်ပြီးစီး

တာချီလိတ်မြို့ ၀မ်ကောင်းမြို့မဈေးသစ် ၇၀% ဆောက်လုပ်ပြီးစီး
ဧပြီ 7, 2014
By Tachileik News Agency
တာချီလိတ်မြို့သည် မြို့ဖွံ့ဖြိုးတိုးတက်လာသည်နှင့်အမျှ ၀မ်ကောင်းမြို့မဈေးအား မြို့အင်္ဂါရပ်နှင့် အညီဖြစ်စေရန် ၂၀၁၃ခုနှစ်၊ စက်တင်ဘာလ (၁၆) ရက်နေ့မှ စတင်ပြီး နှစ်ထပ်ဈေးသစ်ကြီး အဖြစ်      တည်ဆောက်ခဲ့သည်။

ယခု ဈေးသစ်ကြီးမှာ ၇၀% တည်ဆောက်ပြီးစီးနေပြီဖြစ်သည်။ ယနေ့ဧပြီလ (၇)ရက် နံနက် (၁၀) နာရီတွင် ရှမ်းပြည်နယ်အစိုးရအဖွဲ့ ပြည်နယ်စည်ပင်သာယာရေးဝန်ကြီး ဦးစိုင်းလှဝင်းသည် ပြည်နယ်ဒုတိယ အထွေထွေအုပ်ချုပ်ရေးမှူး ဦးတင်မောင်ဆွေနှင့် တာဝန်ရှိသူများနှင့်အတူ ဈေးသစ် တည်ဆောက်ပြီးစီးမှုအား လာရောက်ကြည့်ရှုရာ မင်းခေတ်သစ်ကုမ္ပဏီမှ ဒါရိုက်တာ ဦးစိုင်းဝင်းပိုင် (ခ)ဦးမောင်မောင်နှင့် လက်ထောက်အင်ဂျင်နီယာ ဦးစိုးလေးမြင့်တို့က ဈေးသစ်တည်ဆောက်ပြီးစီးမှုအခြေ အနေများကို ရှင်းလင်းတင်ပြသည်။

တင်ပြချက်နှင့်ပတ်သက်ပြီး ပြည်နယ်ဝန်ကြီးက ယခင် မြို့မဈေး ၀န်းကျင်နှင့် လမ်းဘေးတွင် ရောင်းချနေသော ပျံကျဈေးဆိုင်ခန်း(၂၀၀)အား အမြန်ပြန်လည် တည်ဆောက်နေရာချထားပေးရေး မှာကြားရာ အဆိုပါပျံကျဆိုင်ခန်း(၂၀၀)အတွက် မင်းခေတ်သစ်ကုမ္ပဏီမှ အမြန် စီစဉ်ဆောင်ရွက်ပေးသွားမည်ဖြစ်သည်။

ဈေးသစ်ကြီးအား ၂၀၁၄ခုနှစ် ၊ဒီဇင်ဘာလတွင် အပြီး တည်ဆောက်သွားမည်ဖြစ်ပြီး ယခင်ဈေးဆိုင်ခန်း (၂၃၆)ခန်းကို ဦးစားပေးချထားပေးမည်ဖြစ်သည်။ ဆက်လက်ပြီး ပြည်နယ်ဝန်ကြီးနှင့်အဖွဲ့သည် အမှိုက်စွန့်ပစ်မည့် နေရာသစ်နှင့် ပြောင်းရွှေ့မည့် သုသာန် မြေနေရာကို သွားရောက်ကြည့်ရှုစစ်ဆေးပြီး ကားလေးကွင်းတည်ဆောက်နေမှုကို သွား ရောက်ကြည့်ရှုစစ်ဆေးခဲ့ကြောင်းသိရှိရသည်။

ဓါတ်ပုံ/သတင်း။      ။ မောင်ဆွေငြိမ်း
~⊱•❈❀ღ✿⊰❂⊱✿ღ❀❈•⊰~
Tachileik Online News
~⊱•❈❀ღ✿⊰❂⊱✿ღ❀❈•⊰~
~~~~~~~~~~~~~~~~~~ ကြော်ငြာ ~~~~~~~~~~~~~~~~~~~~
~~~~~~~~~~~~~~~~~~ ~~~~~~~~~~~~~~~~~~~~