မိုင်းဖုန်းဆရာတော်၏ မွေးစားမယ်တော် တစ်ဦး ကွယ်လွန်သည့်အတွက် ဆရာတော်မှ ကြွရောက်၍ မေတ္တာပို့အမျှဝေ

မိုင်းဖုန်းဆရာတော်၏ မွေးစားမယ်တော် တစ်ဦး ကွယ်လွန်သည့်အတွက် ဆရာတော်မှ ကြွရောက်၍ မေတ္တာပို့အမျှဝေ
ဧပြီ 14, 2014
By Tachileik News Agency
တာချီလိတ်မြို့ မကာဟိုခမ်းရပ်ကွက်၊ ဗိုလ်ချုပ်လမ်းမဘေးရှိ အိမ်အမှတ် (၄/၁)တွင် နေထိုင်သူ မြေး(၁၅)ဦးရှိ အသက်(၈၅)နှစ်အရွယ် အဖွား ဒေါ်နန်းလျှိုးသည် ယနေ့ ၂၀၁၄ခုနှစ် ဧပြီလ(၁၃)ရက် မွန်းလွဲပိုင်းက ကွယ်လွန်သွားရာ ညပိုင်း (၉း၄၅)မိနစ်အချိန်တွင် မိုင်းဖုန်းဆရာတော်ဘုရားသည် မိုင်းဖုန်းဒေသမှ ကွယ်လွန်သူ၏ အဆိုပါနေအိမ်သို့ ကြွရောက်တော်မူလာပြီး မေတ္တာပို့ အမျှဝေကာ တရားတော်များ ဟောကြားပြီး ညပိုင်း (၁၁း၁၃)နာရီအချိန်တွင် ဆရာတော်ဘုရား သီတင်းသုံးရာ မိုင်းဖုန်းဒေသသို့ ပြန်လည်ကြွမြန်းသွားသည်။
ယခုကွယ်လွန်သွားသည့် အသက်(၈၅)နှစ်အရွယ် အဖွား ဒေါ်နန်းလျှိုးသည် မိုင်းဖုန်းဆရာတော်ဘုရား ကိုရင်ဘ၀ အချိန်ကာလက ဆရာတော်ဘုရား၏ မွေးစားမယ်တော်များအနက် တစ်ဦးအပါအ၀င် ဖြစ်ခဲ့သည့်အတွက် ၎င်းကွယ်လွန်သွားသည်ကို ဆရာတော်ဘုရားမှ သိရှိရသည့်အခါမှာ ကွယ်လွန်သည့်နေ့ဖြစ်သည့် ယနေ့ ညပိုင်းတွင် ကြွရောက်လာပြီး မေတ္တာပို့ အမျှဝေပြီး ဆရာတော်အား လာရောက်ဖူးကြသည့် ကွယ်လွန်သူ အဖွား ဒေါ်နန်းလျှိုး၏ အသိမိတ်ဆွေများနှင့် ကျန်ရစ်သူ မိသားစုများအား ဆရာတော်မှ တရားတော်များ ဟောကြားချီးမြှင့်တော်မူသည်။

သေဆုံးသူ အသက်(၈၅)နှစ်ရှိ အဖွား ဒေါ်နန်းလျှိုးသည် ဦးစိုင်းအွတ် + ဒေါ်နန်းလုံ၊ ဦးစိုင်းစွံဆိုင်း + ဒေါ်နန်းဟွမ်၊ ဦးစိုင်းရီစံခတ် + ဒေါ်နန်းဆော့၊ ဦးစိုင်းလုံစံခတ် + ဒေါ်နန်းဆီဝမ်း၊ (ဦးစိုင်းနွဲစံခတ်) + ဒေါ်နန်းကျောက် နှင့် ဦးစိုင်းတီ + ဒေါ်နန်းနီနီခင်တို့၏ မိခင်ကြီးဖြစ်ပြီး  သေဆုံးသူ၏ ရုပ်အလောင်းအား ၂၀၁၄ခုနှစ် ဧပြီလ(၁၄)ရက် မွန်းလွှဲ(၃)နာရီအချိန်မှာ နေအိမ်မှ တာချီလိတ်မြို့ရှိ လွယ်စတုံ သင်္ချိုင်းသို့ ပို့ဆောင်သဂြုင်္ိဟ်မှာ ဖြစ်ကြောင်း သိရှိရသည်။

ဓါတ်ပုံ/သတင်း။     ။ ကိုဇောင်း
~⊱•❈❀ღ✿⊰❂⊱✿ღ❀❈•⊰~
Tachileik Online News
~⊱•❈❀ღ✿⊰❂⊱✿ღ❀❈•⊰~
~~~~~~~~~~~~~~~~~~ ကြော်ငြာ ~~~~~~~~~~~~~~~~~~~~
~~~~~~~~~~~~~~~~~~ ~~~~~~~~~~~~~~~~~~~~