၂၀၁၄ခုနှစ်၏ မဟာသင်္ကြန်ပွဲတော် တာချီလိတ်၌ စည်ကားသိုက်မြိုက်စွာကျင်းပ

၂၀၁၄ခုနှစ်၏ မဟာသင်္ကြန်ပွဲတော် တာချီလိတ်၌ စည်ကားသိုက်မြိုက်စွာကျင်းပ
ဧပြီ 13, 2014
By Tachileik News Agency
ရှမ်းပြည်နယ် အရှေ့ပိုင်းဒေသ တာချီလိတ်ခရိုင် တာချီလိတ်မြို့နယ်တွင် ၂၀၁၄ခုနှစ် မဟာသင်္ကြန်ပွဲတော် ဖွင့်ပွဲ အခမ်းအနားကို သင်္ကြန်အကြိုနေ့ဖြစ်သည့် ယနေ့ ဧပြီလ(၁၃)ရက် ညနေ(၃)နာရီအချိန်က တာချီလိတ်မြို့ ရှမ်းရိုးမကွင်း၌ စည်ကားသိုက်မြိုက်စွာဖြင့် ကျင်းပပြုလုပ်ခဲ့ကြသည်။
အဆိုပါ အခမ်းအနားတွင် တာချီလိတ်ခရိုင်အုပ်ချုပ်ရေးမှူး ဦးသောင်းတင်ထွေးမှ နှစ်သစ်နှုတ်ခွန်းဆက် အမှာစကားပြောကြားပြီး  မြို့နယ် စီမံခန့်ခွဲမှုကော်မတီဥက္ကဋ္ဌ ဦးရဲထူး၊ မြို့နယ်စည်ပင်သာယာရေး ကော်မတီ ဥက္ကဋ္ဌ ဦးစိုင်းကျော်ဇံ၊ မြို့နယ် ဖွံ့ဖြိုးတိုးတက်ရေး အထောက်အကူပြုကော်မတီ ဥက္ကဋ္ဌ ဦးကြည်မြင့်၊ ပြည်နယ်စည်ပင်သာယာရေးကော်မတီ ဒု-ဥက္ကဋ္ဌ ဦးကျော်ငြိမ်းနှင့် အာခါတိုင်းရင်းသား ခေါင်းဆောင် ဦးအာဇီးမှ ပွဲတော်အား ဖဲကြိုးဖြတ်ဖွင့်လှစ်ပေးပြီး ယိမ်းအကအဖွဲ့များမှ ဧည့်သည်တော်များအား  ကပြဖျော်ဖြေကြသည်။ 
ဖွင့်ပွဲအခမ်းအနားသို့ တက်ရောက်လာခဲ့ကြသည့် ထိုင်းနိုင်ငံ ထိုင်း-မြန်မာ နယ်ခြားကော်မတီအဖွဲ့နှင့် ဗဟိုမဏ္ဍပ်အား စပွန်ဆာပေးသည့် ဆင်းဂါးဘီယာ ကုမ္ပဏီမှ တာဝန်ရှိသူနှင့် ထိုင်းနိုင်ငံသား ဧည့်သည်တော်များ အပါအ၀င် ဖိတ်ကြားထားသည့် မြန်မာဘက်မှ ဧည့်သည်တော်များ တာဝန်ရှိသူများ၊ တိုင်းရင်းသားများ စသည်တို့က ပျော်ရွှင်စွာဖြင့် အတာရေပက်ဖျန်းကြကာ ပါဝင်ဆင်နွှဲကြသည်။ 

၂၀၁၄ခုနှစ်၏ တာချီလိတ်မြို့ မဟာသင်္ကြန်ပွဲတော်တွင် ရပ်ကွက်/ကျေးရွာအုပ်စု နှင့် ဌာနဆိုင်ရာမှ ယိမ်းအဖွဲ့များ စုစုပေါင်း ယိမ်းအဖွဲ့ ၁၅ ဖွဲ့တို့မှ ယိမ်းအကများဖြင့် သင်္ကြန်အတွင်း ပါဝင်ယှဉ်ပြိုင်ကြမှာ ဖြစ်ပြီး ဆုပေးပွဲနှင့် ပိတ်ပွဲ အခမ်းအနားကို သင်္ကြန်အတက်နေ့ ညနေ ၆ နာရီတွင်
ရှမ်းရိုးမကွင်း ဗဟိုမဏ္ဍပ်၌ ဆက်လက် ကျင်းပပြုလုပ်သွားမှာဖြစ်ကြောင်း သိရှိရသည်။

ဓါတ်ပုံ/သတင်း။       ။ ကိုဇောင်း
~⊱•❈❀ღ✿⊰❂⊱✿ღ❀❈•⊰~
Tachileik Online News
~⊱•❈❀ღ✿⊰❂⊱✿ღ❀❈•⊰~
~~~~~~~~~~~~~~~~~~ ကြော်ငြာ ~~~~~~~~~~~~~~~~~~~~
~~~~~~~~~~~~~~~~~~ ~~~~~~~~~~~~~~~~~~~~