ကျောင်းအပ်နှံရန်အခက်အခဲဖြစ်သည့် ကလေးသူငယ်(၃၅၂)ဦးအား တာချီလိတ်ခရိုင်/မြို့နယ် အမျိုးသမီးရေးရာအဖွဲ့နှင့် မိခင်နှင့်ကလေးစောင့်ရှောက်ရေးအသင်းတို့မှ ပူးပေါင်းကာ ကျောင်းသုံးစာရေးကိရိယာများ ပေးအပ်

ကျောင်းအပ်နှံရန်အခက်အခဲဖြစ်သည့် ကလေးသူငယ်(၃၅၂)ဦးအား တာချီလိတ်ခရိုင်/မြို့နယ် အမျိုးသမီးရေးရာအဖွဲ့နှင့် မိခင်နှင့်ကလေးစောင့်ရှောက်ရေးအသင်းတို့မှ ပူးပေါင်းကာ ကျောင်းသုံးစာရေးကိရိယာများ ပေးအပ်
မေ 31, 2013
By Tachileik News Agency
တာချီလိတ်ခရိုင်/မြို့နယ် အမျိုးသမီးရေးရာအဖွဲ့နှင့် မိခင်နှင့်ကလေးစောင့်ရှောက်ရေးအသင်းတို့မှ ပူးပေါင်းကာ ၂၀၁၃-၂၀၁၄ခုနှစ် ပညာသင်နှစ်အတွက် ကျောင်းအပ်နှံရန် ခက်ခဲ့သည့် ကျောင်းသား ကျောင်းသူ ကလေးသူငယ်များကို ကျောင်းအပ်နှံပေးခြင်း၊ ကျောင်းသုံး ဗလာစာအုပ်များနှင့် စာရေးကိရိယာများအပါအ၀င် ကျောင်းဝတ်စုံများ ပေးဝေထောက်ပံ့ပေးခြင်းများကို ခရိုင်အမျိုးသမီးရေးရာအဖွဲ့ ဥက္ကဌ ဒေါ်နွေးနွေးလင်း နှင့် မြို့နယ် မိခင်နှင့်ကလေးစောင့်ရှောက်ရေးအသင်း ဥက္ကဌ ဒေါ်ရွှေမိုးသူဇာ နှင့် အဖွဲ့ဝင်များက ပူးပေါင်းကာ မေလ(၃၁)ရက်နေ့ နံနက်(၉)နာရီက တာချီလိတ်မြို့ အ.ထ.က(ဆန်ဆိုင်း)မှာ ပေးအပ်လှူဒါန်းခဲ့ကြကြောင်း သိရသည်။
{ ခရိုင်အမျိုးသမီးရေးရာအဖွဲ့ ဥက္ကဌ ဒေါ်နွေးနွေးလင်းမှ ပေးအပ်နေစဉ် }
တာချီလိတ်မြို့နယ်တွင် ငွေကြေးပြည့်ဝသူများရှိသည်နှင့်အညီ ချို့တဲ့သူများလည်းရှိသည်ဖြစ်ရာ ကျောင်းအပ်နှံရန် ခက်ခဲ့သည့် ကလေးသူငယ်များအတွက် တာချီလိတ်ခရိုင်/မြို့နယ် အမျိုးသမီးရေးရာ အဖွဲ့နှင့် မိခင်နှင့်ကလေးစောင့်ရှောက်ရေးအသင်းတို့မှပူးပေါင်းပြီး မေလ(၃၀)ရက်နေ့က ပုန်းထွန်၊ ကချင်ရွာ၊ အ.ထ.က(တာချီလိတ်) နှင့် ၀မ်မိုင် တို့ရှိ စာသင်ကျောင်း(၄)ကျောင်းအပါအ၀င် ယနေ့တွင် ဆန်ဆိုင်း၊ ရန်အောင်မြေ နှင့် ဟောင်လိတ်ရှိ ကျောင်း(၃)ကျောင်းသို့ သွားရောက်ပြီး အဆိုပါအဖွဲ့မှ ကလေးသူငယ်များအတွက် ကျောင်းဝတ်စုံ၊ ဗလာစာအုပ် နှင့် ခဲတံများ ပေးဝေလှူဒါန်းကြကြောင်း သိရသည်။
 မြို့နယ် မိခင်နှင့်ကလေးစောင့်ရှောက်ရေးအသင်း ဥက္ကဌ ဒေါ်ရွှေမိုးသူဇာမှ ပေးအပ်နေစဉ် }
အဆိုပါအဖွဲ့မှ တာချီလိတ်မြို့ပေါ်ရှိ ကျောင်း(၇)ကျောင်းမှ ကျောင်းသား ကျောင်းသူ (၃၅၂)ဦးအား ပညာရေးထောက်ပံ့မှုများပေးခဲ့ရာ တန်ဖိုးငွေမှာ ကျပ်(၉)သိန်းကျော်ရှိပြီး ဆက်လက်၍လည်း တာလေမြို့နယ်ခွဲနှင့် ကျေးလက်ဒေသများသို့ သွားရောက်ပြီး ယခုကဲ့သို့ ပညာရေးထောက်ပံ့မှုများပြုလုပ်သွားဖို့ရှိကြောင်းလည်း သိရှိရသည်။
ပုံများကိုကြည့်ရန်
23 photos