စုံစမ်းစစ်ဆေးရေးအဖွဲ့မှ တာလေမြို့နယ်ခွဲ နားဟိုင်းလုံကျေးရွာသို့ သွားရောက် ကွင်းဆင်းစစ်ဆေး

စုံစမ်းစစ်ဆေးရေးအဖွဲ့မှ တာလေမြို့နယ်ခွဲ နားဟိုင်းလုံကျေးရွာသို့ သွားရောက် ကွင်းဆင်းစစ်ဆေး
မေ 16, 2013
By Tachileik News Agency

သတ္တုတွင်းဝန်ကြီးဌာန အမှတ်(၂) သတ္တုတွင်းလုပ်ငန်းမှ ဦးဥာဏ်လင်းထွန်း ဦးဆောင်သော စုံစမ်းစစ်ဆေးရေးအဖွဲ့တို့သည် တာချီလိတ်ခရိုင် တာလေမြို့နယ်ခွဲ၊ နားဟိုင်းလုံကျေးရွာသို့ လယ်သမားများကိစ္စနှင့် ပတ်သက်၍ တွေ့ဆုံ စစ်ဆေးမှုများ ပြုလုပ်နိုင်ရန်အတွက် မေလ(၁၆)ရက်နေ့ မွန်းလွှဲ(၁)နာရီက သွားရောက်ခဲ့ကြောင်း သိရသည်။

{လယ်ထဲသို့ သွားသော ရေချောင်းအား စစ်ဆေးနေစဉ်}

ထိုသို့သွားရောက်ရာမှာ အဆိုပါ စုံစမ်းစစ်ဆေးရေးအဖွဲ့မှ လက်ထောက် အထွေထွေမန်နေဂျာ ဦးဥာဏ်လင်းထွန်း၊ လက်ထောက် အင်ဂျင်နီယာ ဦးမောင်မောင်အေးနှင့် ဌာနစုမှူး ဦးထွန်းအောင်ကို တို့နှင့်အတူ တာချီလိတ်မြို့နယ်အုပ်ချုပ်ရေးမှူး ဦးရဲထူး နှင့် တာလေမြို့နယ်ခွဲ အုပ်ချုပ်ရေးမှူး ဦးဇော်နိုင်ဦး၊ မြေစာရင်းဦးစီး နှင့် စိုက်ပျိုးရေးတာဝန်ခံ စသည့် တာလေမြို့နယ်ခွဲမှ သက်ဆိုင်ရာများပါဝင်ကြတာကို တွေ့ရှိရပြီး နားဟိုင်းလုံကျေးရွာရှိ စာသင်ကျောင်း၌ပင် ကျေးရွာသူ ကျေးရွာသား လယ်သမားများအား တွေ့ဆုံခဲ့ကြသည်။

{လယ်သမားများအား ရှင်းလင်းပြောကြားနေစဉ်}

စုံစမ်းစစ်ဆေးရေးအဖွဲ့၏ လာရောက်သည့်ကိစ္စမှာ လယ်သမားများမှ ၎င်းတို့၏ လယ်မြေများအတွင်း ၀င်ရောက်နေသည်ဟု ယူဆရသည့် သတ္တုတူးဖော်သည့် လုပ်ငန်းမှ ရွံ့နွံများကြောင့် လယ်ယာများစိုက်ပျိုးလို့မရကြောင်းနှင့်ပတ်သက်သည့် တိုင်ကြားစာအရ လာရောက် စစ်ဆေးတာဖြစ်ကြောင်း သိရသည်။

လယ်သမားများ၏ တိုင်ကြားစာနှင့်ပတ်သက်၍ စစ်ဆေးမေးမြန်းမှုများပြုလုပ်ရာမှာ ၎င်းတို့၏ အခက်အခဲများ၊ လယ်မြေအနေအထား ဆုံးရှုံးမှုများ အပြင် ကုမ္ပဏီမှ လယ်သမားများအား ကူညီမှုများပေးကြောင်း မပေးကြောင်း စသည့် အကြောင်းအရာများကို မေးမြန်းခဲ့ကြသည်။

လယ်သမားများမှာ မြန်မာစကားကို ကျွမ်းကျွမ်းကျင်ကျင်မတတ်သော ရှမ်းတိုင်းရင်းသားများ ဖြစ်တာကြောင့် စုံစမ်းစစ်ဆေးရေးအဖွဲ့နှင့် ဌာနဆိုင်ရာများအနေဖြင့် ၎င်းတို့အား နားလည်စေရန်အတွက် ဘာသာပြန်မှတဆင့် ရှင်းလင်းပြောကြားရသည်ဖြစ်တာကြောင့် အခက်အခဲအနည်းအငယ်ရှိကြောင်းလည်း သိရှိရသည်။

ထိုကဲ့သို့ တွေ့ဆုံမှုမျိုးကို ပြီးခဲ့သော မေလ(၁၁)ရက်နေ့ကလည်း တာချီလိတ် ခရိုင်/မြို့နယ်အဆင့်ရှိ သက်ဆိုင်ရာဌာနများမှ ကွင်းဆင်းတွေ့ဆုံ စစ်ဆေးမှုများပြုလုပ်ခဲ့ပြီးဖြစ်သည့် >> ဒေသဖွံ့ဖြိုးရေးကိစ္စများအတွက် ဌာနဆိုင်ရာများမှ တာလေမြို့နယ်ခွဲသို့ကွင်းဆင်း 

ပုံများအားကြည့်ရန်
စုံစမ်းစစ်ဆေးရေးအဖွဲ့မှ နားဟိုင်းလုံကျေးရွာသို့ လာရောက်

47 photos