မိုင်းဆတ်မြို့ အမျိုးသမီးအိမ်တွင်းမှု သက်မွေးလုပ်ငန်းပညာသင်တန်းကျောင်း သင်တန်းဖွင့်

မိုင်းဆတ်မြို့ အမျိုးသမီးအိမ်တွင်းမှု သက်မွေးလုပ်ငန်းပညာသင်တန်းကျောင်း သင်တန်းဖွင့်
မေ 7, 2013
By Tachileik News Agency

ရှမ်းပြည်နယ်၊ မိုင်းဆတ်မြို့ အမျိုးသမီးအိမ်တွင်းမှုသက်မွေးလုပ်ငန်း ပညာသင်တန်းကျောင်း၏  အခြေခံ အိမ်တွင်းမှုသင်တန်း အမှတ်စဉ်(၃၈)၊ အဆင့်မြင့်စက်ချုပ်သင်တန်း အမှတ်စဉ် (၃၁) သင်တန်းဖွင့်ပွဲ အခမ်းအနားကို အဆိုပါကျောင်း သင်တန်းခန်းမ၌  မေလ ၆ ရက် ၊ နံနက် ၉နာရီက ကျင်းပရာ   မိုင်းဆတ်ခရိုင်ရဲတပ်ဖွဲ့မှူး    ဒုတိယရဲမှူးကြီး မျိုးကြည် က  သင်တန်းဖွင့် အမှာစကားပြောကြားသည်။

အဆိုပါ ဖွင့်လှစ်သည့် သင်တန်းများသို့    မြို့နယ်၊ မြို့နယ်ခွဲများရှိ ရပ်ကွက်များနှင့် ကျေးရွာအုပ်များမှ သင်တန်းသူ(၂၀)ဦး   တက်ရောက်သင်ကြားမည်ဖြစ်ကြောင်းနှင့် သင်တန်းကာလမှာ ရက်သတ္တပတ်(၁၄)ပတ်ကြာ ဖွင့်လှစ်သင်ကြားပေးမည်ဖြစ်ကြောင်း သိရသည်။

သတင်းပေးပို့သူ - ဝေယံလင်းလက်(မိုင်းဆတ်)