တာချီလိတ်ခရိုင် မူးယစ်ဆေးဝါးဆန့်ကျင်ရေးအသင်းမှ မိုင်းဟဲကျေးရွာသို့ ဆေးစွဲနေသူများအား ဆေးဖြတ်ပေးနိုင်ရန်အတွက် ကွင်းဆင်း

တာချီလိတ်ခရိုင် မူးယစ်ဆေးဝါးဆန့်ကျင်ရေးအသင်းမှ မိုင်းဟဲကျေးရွာသို့ ဆေးစွဲနေသူများအား ဆေးဖြတ်ပေးနိုင်ရန်အတွက် ကွင်းဆင်း
မေ 28, 2013
By Tachileik News Agency

တာချီလိတ်ခရိုင် မူးယစ်ဆေးဝါးဆန့်ကျင်ရေးအသင်း(MANA) ဥက္ကဌ ဦးသိန်းဝင်းနှင့် အဖွဲ့ဝင်များသည် ကျန်းမာရေးဦးစီးဌာန၊ မူးယစ်(အထူး)အဖွဲ့အပါအ၀င် လူမှုဝန်ထမ်းဦးစီးဌာန ပြန်လည်ထူထောင်ရေးစခန်း မန်နေဂျာတို့နှင့် အတူ မိုင်းဟဲအုပ်စု ပန်စလိကျေးရွာသို့ မေလ(၂၆)ရက်နေ့ နံနက်(၉)နာရီက ကျေးရွာအတွင်းရှိ ရွာသူရွာသားများအား မူးယစ်ဆေးဝါးဆိုင်ရာ အသိပညာပေးဟောပြောမှုများ ပြုလုပ်ရန်အတွက် သွားရောက်ခဲ့ကြကြောင်း သိရသည်။

အဆိုပါအဖွဲ့မှ မိုင်းဟဲကျေးရွာအုပ်စုအတွင်းရှိ မူးယစ်ဆေးဝါးစွဲလမ်းနေသော ရောဂါဝေဒနာရှင်များအား ၂၀၁၃ခုနှစ် ဇွန်လရဲ့ ပထမပါတ်အတွင်းမှာ ဆေးဖြတ်ပေးနိုင်ရန်အတွက် ဆေးကုသပေးမှုများ လုပ်ဆောင်ပေးသွားမှာဖြစ်ကြောင်းလည်း သိရှိရသည်။