တာလေမြို့၌ နိုင်ငံသားစိစစ်ရေးကတ်ပြားပေးအပ်

တာလေမြို့၌ နိုင်ငံသားစိစစ်ရေးကတ်ပြားပေးအပ်
မေ 3, 2013
By Tachileik News Agency

တာချီလိတ်ခရိုင် တာလေမြို့နယ်ခွဲ လူဝင်မှုကြီးကြပ်ရေးနှင့်အမျိုးသားမှတ်ပုံတင်ရေးဦးစီးဌာနမှ
မိုးပွင့်အဆင့်(၅) နိုင်ငံသားစိစစ်ရေးကတ်ပြား ပေးအပ်ပွဲကို မေ ၂ ရက် နံနက်(၁၀)နာရီက တာလေမြို့နယ်ခွဲ၊ နားယောင်းကျေးရွာအုပ်စု နားအွန်ခရစ်ယာန် ဘုရားရှိခိုးကျောင်းတွင်ပြုလုပ်သည်။

{ခရိုင် လ၀က ဦးစီးဌာနမှူး ဦးကျော်စွာလွင် မှ ပေးအပ်စဉ် | ဓါတ်ပုံ။ မောင်ဆွေငြိမ်း }

အခမ်းအနားတွင် တာချီလိတ်ခရိုင် လူဝင်မှုကြီးကြပ်ရေးနှင့် အမျိုးသားမှတ်ပုံတင်ရေးဦးစီးဌာန ဒုတိယညွန်ကြားရေးမှူး ဦးကျော်စွာလွင်က မိုးပွင့်အဆင့်(၅) စီမံချက်ဆောင်ရွက်နေမှုများနှင့် ရှေ့ဆက်ဆောင်ရွက်မည့် အစီအစဉ် များကို ရှင်းလင်းတင်ပြသည်။ ယင်းနောက် ခရိုင်ဦးစီးဌာနမှူး ဦးကျော်စွာလွင်၊ တာလေမြို့နယ်ဦးစီးမှူး ဦးခင်လေးမောင်နှင့် တာဝန်ရှိသူများက နိုင်ငံသား အရည်အချင်း ပြည့်မီသူ(၅၀)ဦးအား နိုင်ငံသားစိစစ်ရေးကတ်ပြားများ ပေးအပ်ခဲ့ကြောင်းသိရှိရသည်။

သတင်းပေးပို့သူ။    ။ မောင်ဆွေငြိမ်း