မိုင်းဆတ်ခရိုင်တွင် (၆၇)နှစ်မြောက် မီးသတ်တပ်ဖွဲ့နေ့ ဂုဏ်ပြုအခမ်းအနားပြုလုပ်

မိုင်းဆတ်ခရိုင်တွင် (၆၇)နှစ်မြောက် မီးသတ်တပ်ဖွဲ့နေ့ ဂုဏ်ပြုအခမ်းအနားပြုလုပ်
မေ 5, 2013
By Tachileik News Agency

ရှမ်းပြည်နယ်၊ မိုင်းဆတ်ခရိုင်တွင် (၆၇)နှစ်မြောက် မီးသတ်တပ်ဖွဲ့နေ့ ဂုဏ်ပြုအခမ်းအနားကို ခရိုင်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနရုံးရှိ သီရိရတနာ ခန်းမ၌ ယနေ့ မေလ (၅)ရက်၊ နံနက် (၁၀) နာရီက ကျင်းပခဲ့ကြောင်း သိရသည်။

အဆိုပါအခမ်းအနားတွင် ရည်မှန်းချက် တာဝန် (၄)ရပ်ဖြစ်တဲ့  မီးဘေးလုံခြုံရေး၊ သဘာဝဘေးအန္တရာယ်ကာကွယ်ရေး၊ ရှာဖွေကယ်ဆယ်ရေးနဲ့ သဘာဝဘေးဒဏ်ကြောင့် ထိခိုက်မှုလျော့နည်းစေရေးအတွက် သဘာဝဘေးကြိုတင်ပြင်ဆင်ခြင်း လုပ်ငန်းများဆောင်ရွက်ခြင်း၊ သဘာဝဘေးအန္တရာယ် ကျရောက်လာပါက  အလျင်အမြန်တုန့်ပြန်ဆောင်ရွက်ခြင်း၊ သဘာဝဘေးဒဏ်ခံရပြီးနောက် မူလအခြေအနေသို့ ပြန်လည်ရောက်ရှိရေး အထောက်အကူပြု လုပ်ငန်းများဆောင်ရွက်ရန်ဖြစ်ကြောင်း စသည့် ပြည်သူလူထုအတွက် ပိုမိုပြည့်စုံပြီး ထိရောက်မှုရှိတဲ့ ရည်မှန်းချက်များနဲ့ ဆောင်ရွက်လျက်ရှိကြောင်းနဲ့  ပြည်သူလူထုရဲ့  အသက်အိုးအိမ်ပစ္စည်းများ မီးဘေးလုံခြုံမှု ရှိစေရန်၊   ပြည်သူလူထုအကျိုးစီးပွားကို ကာကွယ်ရန်၊ ပြည်သူလူထုအား ကူညီစောင့်ရှောက်ရန်၊ ပြည်သူလူထု ကိုယ်စိတ်နှစ်ပါး ချမ်းသာမှုရအောင် လုပ်ဆောင်ရန် ဆိုတဲ့ ကောင်းမြတ်သည့် ရည်ရွယ်ချက်များကိုလည်း ဆောင်ရွက်သွားရန်လိုအပ်မည်ဖြစ်ကြောင်း ခရိုင်အုပ်ချုပ်ရေးမှူး ကိုယ်စား  ယာယီခရိုင်အုပ်ချုပ်ရေးမှူး ဦးနေမြတ်သူ က အဖွင့်အမှာစကား၌ ထည့်သွင်း ပြောကြားသွားသည်။

ဆက်လက်ပြီး  ၂၀၁၂ခုနှစ်၊ တစ်နှစ်အတွင်း စည်းကမ်းသေ၀ပ်ပြီး၊ ပေးအပ်သောတာဝန်များကို ထမ်းဆောင်ခဲ့သည့်   မယ်နင်ကျေးရွာအုပ်စု အရန်မီးသတ်တပ်ဖွဲ့၊ ကျဒယ်ကျေးရွာအုပ်စု အရန်မီးသတ်တပ်ဖွဲ့နှင့် ၀ိန်းဝိုင်ကျေးရွာအုပ်စု အရန်မီးသတ်တပ်ဖွဲ့တို့ကိုလည်းကောင်း၊ (၂၄) နာရီ အချိန်ပြည့် တာဝန်ထမ်းဆောင်ခဲ့သည့် တပ်ဖွဲ့ဝင် (၂)ဦးကို လည်းကောင်း၊ မီးသတ်တပ်ဖွဲ့တွင် (၂၅)နှစ်အထက် စေတနာ၊ ၀ါသနာ၊ အနစ်နာခံတာဝန် ထမ်းဆောင်ခဲ့သော အရန်မီးသတ်တပ်ဖွဲ့ဝင် ဒုတိယတပ်ရင်းမှူးအားလည်းကောင်း၊ ပြည်သူ့အကျိုးပြုလုပ်ငန်းများ ဆောင်ရွက်ရာတွင် အဖက်ဖက်မှ ပါဝင်ကူညီဆောင်ရွက်ပေးခဲ့သည့် စေတနာရှင်အလှူရှင်(၂)ဦးအားလည်းကောင်း၊  (၆၇)နှစ်မြောက် မီးသတ်တပ်ဖွဲ့နေ့အား ဂုဏ်ပြုသွေးလှူရှင် တပ်ဖွဲ့ဝင်တစ်ဦးအားလည်းကောင်း တာဝန်ရှိသူများမှ အသီးသီး ဂုဏ်ပြုဆုနှင့် ဂုဏ်ပြုမှတ်တမ်းလွှာများ ပေးအပ်ခဲ့ကြောင်း သိရသည်။

သတင်းပေးပို့သူ -  ဝေယံလင်းလက်(မိုင်းဆတ်)