တာချီလိတ်မြို့တွင် ကျောင်းနေရွယ်ကလေးများ စတင် ကျောင်းအပ်နှံ

တာချီလိတ်မြို့တွင် ကျောင်းနေရွယ်ကလေးများ စတင် ကျောင်းအပ်နှံ
မေ 25, 2013
By Tachileik News Agency

တာချီလိတ်မြို့တွင် သူငယ်တန်းစတက်ကြမည့် ကျောင်းနေရွယ်ကလေးများ နှင့် ကျောင်းသားဟောင်းများ ကျောင်းအပ်နှံနေကြပြီဖြစ်ကြောင်း သိရသည်။ သူငယ်တန်းတက်မည့် ကျောင်းသားသစ်များ နှင့် ကျောင်းသား/သူဟောင်းများကို ယနေ့မှစ၍ လက်ခံနေပြီး  ရွှေ့ပြောင်း ကျောင်းသားသစ်များကိုတော့ မေလ(၃၀)ရက်နေ့မှာ လက်ခံမှာဖြစ်ကြောင်း သိရသည်။

ကျောင်းအပ်ခများကို သူငယ်တန်းမှ စတုတ္ထတန်းထိ အခမဲ့ဖြစ်ပြီး ပဉ္စမတန်းမှ န၀မတန်းထိကိုတော့ အဆင့်လိုက် သတ်မှတ်ထားကြောင်းသိရသည်။

ပဉ္စမတန်းတွင်

ကျောင်းလခ - ၅၀၀ကျပ်
PTA  - ၅၀၀ကျပ်
ASL  - ၅၀၀ကျပ်

ဆဋ္ဌမတန်းတွင်

ကျောင်းလခ - ၆၀၀ကျပ်
PTA  - ၅၀၀ကျပ်
ASL  - ၅၀၀ကျပ်

သတ္တမတန်းတွင်

ကျောင်းလခ - ၇၀၀ကျပ်
PTA  - ၅၀၀ကျပ်
ASL  - ၅၀၀ကျပ်

အဋ္ဌမတန်းတွင်

ကျောင်းလခ - ၈၀၀ကျပ်
PTA  - ၅၀၀ကျပ်
ASL  - ၅၀၀ကျပ်

န၀မတန်းတွင်

ကျောင်းလခ - ၉၀၀ကျပ်
PTA  - ၅၀၀ကျပ်
ASL  - ၅၀၀ကျပ်

Update:        : ( PTA နှင့် ASL တို့သည် ကျောင်းရန်ပုံငွေကို ဆိုလိုသည်)

*မိဘဆရာအသင်းရန်ပုံငွေ
*အားကစားကြေး၊ စာရေးကိရိယာ၊ စာကြည့်တိုက်ရန်ပုံငွေ

ပုံများကိုကြည့်ရန်
တာချီလိတ်မြို့တွင် ကျောင်းနေရွယ်ကလေးများ ပျော်ပျော်ပါးပါး ကျောင်း

16 photos