တာချီလိတ်မြို့၌ အခြေခံ အိမ်တွင်းမှုသင်တန်းဖွင့်

တာချီလိတ်မြို့၌ အခြေခံ အိမ်တွင်းမှုသင်တန်းဖွင့်
မေ 6, 2013
By Tachileik News Agency

တာချီလိတ်မြို့သည် နယ်စပ်မြို့တစ်မြို့ဖြစ်သည့် အားလျော်စွာ အမျိုးသမီးငယ်များ ဘ၀ဖွံ့ဖြိုးတိုးတက် ရေးနှင့် ရပ်တည်နိုင်ရေးသည် အရေးကြီးသော အခြေခံလိုအပ်ချက်ဖြစ်သည်။ ထို့ကြောင့် အမျိုးသမီးငယ်များ မိမိဘ၀ကို ကိုယ်ပိုင်ရပ်တည်နိုင်ရေးအတွက် နိုင်ငံတော်အစိုးရအနေဖြင့် အမျိုးသမီးအိမ်တွင်းမှု သက်မွေး လုပ်ငန်းပညာသင်တန်းကျောင်းများဖွင့်လှစ်ပြီး အိမ်တွင်းမှုလုပ်ငန်းနှင့် စက်ချုပ်ပညာများ သင်ကြားပေးလျက် ရှိသည်။ 

တာချီလိတ်မြို့တွင် မေလ (၆) ရက် နံနက် (၈) နာရီက မယ်ခေါင်ရပ်ကွက်ရှိ အမျိုးသမီးအိမ်တွင်းမှု သက်မွေးပညာသင်တန်းကျောင်းတွင် အခြေခံအိမ်တွင်းမှုသင်တန်း အမှတ်စဉ်(၆၄)နှင့် အဆင့်မြင့်စက်ချုပ်သင်တန်း အမှတ်စဉ်(၃၄)သင်တန်းဖွင့်လှစ်ခဲ့ရာ ခရိုင်အုပ်ချုပ်ရေးမှူး ဦးသောင်းတင်ထွေးက သင်တန်းဖွင့် အမှာ စကားပြောကြားပြီး သင်တန်း သူများ၏ လိုအပ်ချက်များကို ပေါင်းစပ်ညှိနှိုင်း ဆောင်ရွက်ပေးခဲ့သည်။ 

အဆိုပါသင်တန်းတွင် သင်တန်းသူ(၁၅) ဦး တက်ရောက်ပြီး ထူးချွန်သူများအား အပ်ချုပ်စက် (၁)လုံးစီ ချီးမြှင့်သွားမည်ဖြစ်ကြောင်း သိရှိရသည်။

သတင်းပေးပို့သူ။          ။ မောင်ဆွေငြိမ်း