၁၅၀၀ကျပ်တန် CDMA-800MHz ဖုန်းကဒ်များအား ဒုတိယအကြိမ်အဖြစ် တာချီလိတ်တွင် မဲနှိုက်ရောင်းချ

၁၅၀၀ကျပ်တန် CDMA-800MHz ဖုန်းကဒ်များအား ဒုတိယအကြိမ်အဖြစ် တာချီလိတ်တွင် မဲနှိုက်ရောင်းချ
မေ 20, 2013
By Tachileik News Agency

မေလ(၂၀)ရက် တနင်္လာနေ့နံနက်(၉)နာရီက တာချီလိတ်မြို့ အောင်မြတ်ခန်းမမှာ (၁၅၀၀)ကျပ်တန် တန်ဖိုးနည်း CDMA-800MHz ဖုန်းကဒ်များကို ဒုတိယအကြိမ်အဖြစ် မဲနှိုက်ကာ ရောင်းချပေးခြင်း အစီအစဉ်အား ပြုလုပ်ခဲ့ကြသည်။

 { မဲစာရွက်များအား စတင်ခေါက်နေစဉ် }

ပထမအကြိမ်တုန်းက လျှောက်လွှာများမှာ (၉၄၀)စောင်ရှိခဲ့ပြီး ယခုအခါမှာတော့ ဒုတိယအကြိမ်အတွက် လာရောက်လျှောက်ထားသူများမှာ(၁၁၉၆) ရှိပြီး  ပထမအကြိမ်က မဲမပေါက်ပဲ ကျန်ရှိနေသည့် လျှောက်လွှာ(၂၉၃)စောင်အား ထည့်သွင်း၍ မဲနှိုက်ရာ လျှောက်လွှာစုစုပေါင်း(၁၄၈၉)စောင် ရှိပြီး ဖုန်းကဒ်(၆၅၀)ကို ယခုလို မဲနှိုက်ရောင်းချပေးတာဖြစ်ကြောင်းသိရသည်။

{ မဲနှိုက်ရာမှာ လျှောက်ထားသူများမှ }

"ဖုန်းကဒ် မဲပေါက်တာတော့ ပျော်ပါတယ်၊ ၁၅၀၀ကျပ်တည်းနဲ့ ဖုန်းကဒ်ရတယ်ဆိုတော့လေ၊ ဒါပေမဲ့လည်း မြို့ထဲမှာ ဖုန်းလိုင်းက မကောင်းဘူး ဖုန်းဆက်မယ်ဆိုရင် တိုင်ထောင်ထားတဲ့ ဗျူဟာကုန်းနားမှာ သွားဆက်ရမလိုဖြစ်နေတယ်၊ တကယ်ဆိုရင် CDMA အတွက် တိုင်ကို မြို့ထဲမှာ လာတပ်ထားရင် အားလုံးအတွက် အဆင်ပြေမှာပဲ"ဟု ပထမအကြိမ်က ဖုန်းကဒ်မဲပေါက်ခဲ့သူ ဈေးသည်တစ်ဦးမှ ပြောကြားလာသည်။

ဖုန်းကဒ် ပေါက်မဲစာရင်းများအား ကြည့်ရှု့ရန်
တာချီလိတ်၏ ဒုတိယအကြိမ် ၁၅၀၀ကျပ်တန် ဖုန်းကဒ် ပေါက်မဲစာရင်းများ

31 photos

သတင်းဓါတ်ပုံများအားကြည့်ရန်
တာချီလိတ်၌ ဒုတိယအကြိမ် ၁၅၀၀ကျပ်တန် ဖုန်းကဒ်များအား မဲနှိုက်

25 photos