တာချီလိတ်မြို့နယ်၌ ပြည်ခိုင်ဖြိုးပါတီ၏ ရပ်/ကျေး အခြေခံစည်းရုံးရေးပါတီရုံးများ ဖွင့်လှစ်

တာချီလိတ်မြို့နယ်၌ ပြည်ခိုင်ဖြိုးပါတီ၏ ရပ်/ကျေး အခြေခံစည်းရုံးရေးပါတီရုံးများ ဖွင့်လှစ်
မတ် 19, 2013
By Tachileik News Agency

မတ်လ(၁၉)ရက်နေ့ နံနက်(၉း၃၀)နာရီက တာချီလိတ်မြို့နယ် မကာဟိုခမ်းရပ်ကွက်မှာ ပြည်ခိုင်ဖြိုးပါတီ ရဲ့ ရပ်/ကျေး အခြေခံစည်းရုံးရေးပါတီရုံးကို ဖွင့်လှစ်ခဲ့ကြပါတယ်။

{ ပုန်းထွန်ရပ်ကွက်တွင်ဖွင့်လှစ် }

အခမ်းအနားမှာ လားရှိုးမဲဆန္ဒနယ်မှ လီဆူတိုင်းရင်းသားရေးရာဝန်ကြီး ဦးယောဝိ အပါအ၀င် ရပ်မိ ရပ်ဖတစ်ဦးနဲ့ စည်းရုံးရေး အခြေခံအဖွဲ့ခေါင်းဆောင် တစ်ဦးမှ ဖဲကြိုးဖြတ်ဖွင့်လှစ်ပေးခဲ့ကြတာဖြစ်ပါတယ်။

{ တာလော့ရပ်ကွက်တွင်ဖွင့်လှစ် }

ဆက်လက်ပြီး (၁၀း၃၀)နာရီက ၀မ်ကောင်းရပ်ကွက်မှာလည်း ပြည်ခိုင်ဖြိုးပါတီရဲ့ ရပ်/ကျေး အခြေခံစည်းရုံးရေးပါတီရုံးကို ဖွင့်လှစ်ခဲ့ကြပါတယ်။ ပြည်ခိုင်ဖြိုးပါတီမှ ရပ်/ကျေး အခြေခံစည်းရုံးရေးပါတီရုံးများကို တစ်ရက်ကို (၂)ရုံးဖွင့်လှစ်တာဖြစ်ပြီး မတ်လ(၁၈)ရက်နေ့က ပုန်းထွန်ရပ်ကွက်နဲ့ တာလော့ရပ်ကွက်တို့မှာ ဖွင့်လှစ်ခဲ့ပြီးဖြစ်ပါတယ်။

 
 { မကာဟိုခမ်းရပ်ကွက်တွင်ဖွင့်လှစ် }

မတ်လ(၂၀)ရက်နေ့မှာတော့ ဆန်ဆိုင်း(က+ခ)ရက်ကွက်တို့မှာ ဖွင့်လှစ်မှာဖြစ်ပြီး မတ်လ(၂၁)ရက်နေ့မှာ မယ်ခေါင်ရပ်ကွက်နဲ့ ဟောင်လိတ်ကျေးရွာအုပ်စုတို့မှာ ဖွင့်လှစ်မှာဖြစ်ကြောင်း သိရပါတယ်။ ဆက်လက်ပြီးတော့လည်း ကျေးရွာအုပ်စုများမှာ သွားရောက်ကာ အဆိုပါရုံးများဖွင့်လှစ်မှာဖြစ်ကြောင်းလည်း သိရပါတယ်။

ပုံများကိုကြည့်ရန်