ဆန်ဆိုင်း(က)ရပ်ကွက်နဲ့ အခြားရပ်ကွက်များမှာ ပြည်ခိုင်ဖြိုးပါတီရဲ့ ရပ်/ကျေး စည်းရုံးရေးအခြေခံပါတီရုံးများဖွင့်လှစ်

ဆန်ဆိုင်း(က)ရပ်ကွက်နဲ့ အခြားရပ်ကွက်များမှာ ပြည်ခိုင်ဖြိုးပါတီရဲ့ ရပ်/ကျေး စည်းရုံးရေးအခြေခံပါတီရုံးများဖွင့်လှစ်
မတ် 21, 2013
By Tachileik News Agency

မတ်လ(၂၀)ရက်နေ့ နံနက်ပိုင်းက တာချီလိတ်မြို့ ဆန်ဆိုင်း(က)ရပ်ကွက်မှာ ပြည်ခိုင်ဖြိုးပါတီရဲ့ ရပ်/ကျေး စည်းရုံးရေးအခြေခံပါတီရုံးဖွင့်ပွဲကို ပြုလုပ်ခဲ့ကြတာဖြစ်ကြောင်း သိရပါတယ်။

{ ဆန်ဆိုင်း(က)ရပ်ကွက်တွင်ဖွင့်လှစ် }

ဆန်ဆိုင်း(က)ရပ်ကွက် ခတ္တာလမ်း၊အိမ်အမှတ်(၄/၃၆) ဦးအိုက်လျှန်ရဲ့ နေအိမ်မှာ အဆိုပါရုံးကို ဖွင့်လှစ်တာဖြစ်ပြီး ဖွင့်ပွဲမှာ ပြည်ခိုင်ဖြိုးပါတီရဲ့ မြို့နယ်အတွင်းရေးမှူး ဦးစိုင်းရွှေထွန်းက အဖွင့်အမှာစကားပြောကြားပြီး ဆန်ဆိုင်း(က)ရပ်ကွက်နေ ရပ်မိ/ရပ်ဖ ဦးစိုင်းတင်ထွန်းဦးက ကျေးဇူးတင်စကားကို ရှမ်း/မြန်မာ နှစ်ဘာသာဖြင့် ပြောကြားသွားခဲ့တာဖြစ်ပါတယ်။

{ ဆန်ဆိုင်း(ခ)ရပ်ကွက်တွင်ဖွင့်လှစ် }

အဆိုပါရုံးအား ဖွင့်လှစ်ရာမှာ မြို့နယ်ကော်မတီဝင် ရပ်ကွက်တာဝန်ခံ ဒေါ်နန်းဝိုးလှိုင် ၊ ရပ်မိ-ရပ်ဖ ဦးစိုင်းဆမ်ဖူး၊ စည်းရုံးရေးအခြေခံ အဖွဲ့ခေါင်းဆောင် ဦးအိုက်လျှန် တို့က ဖဲကြိုးဖြတ်ဖွင့်လှစ်ပေးခဲ့ကြပြီး အခမ်းအနားသို့ တက်ရောက်လာကြတဲ့ ခရိုင်/မြို့နယ်ပါတီ ကော်မတီဝင်များနဲ့ ဧည်သည့်တော်များကို နေ့လည်စာဖြင့် ဧည့်ခံခဲ့ကြတယ်လို့ သိရပါတယ်။

{ မယ်ခေါင်ရပ်ကွက်တွင်ဖွင့်လှစ် }
ယနေ့မှာလည်း ပြည်ခိုင်ဖြိုးပါတီရဲ့ ရပ်/ကျေး စည်းရုံးရေးအခြေခံပါတီရုံးဖွင့်ပွဲကို မယ်ခေါင်ရပ်ကွက်နဲ့ လွယ်တော်ခမ်းကျေးရွာအုပ်စုအပြင် ဟောင်လိတ်ကျေးရွာအုပ်စုတို့မှာလည်း  ပြုလုပ်ခဲ့ကြပြီး
အဆိုပါ ပါတီရုံးများကို တာလော့ရပ်ကွက်၊ ပုန်းထွန်ရပ်ကွက်၊ မကာဟိုခမ်းရပ်ကွက်၊ ၀မ်ကောင်းရပ်ကွက်၊ ဆန်ဆိုင်း(က/ခ)ရပ်ကွက်၊  မယ်ခေါင်ရပ်ကွက်၊ လွယ်တော်ခမ်းကျေးရွာအုပ်စု နဲ့ ဟောင်လိတ်ကျေးရွာအုပ်စုတို့မှာ ဖွင့်လှစ်ပြီးဖြစ်ကြောင်း သိရပါတယ်။

ပုံများကိုကြည့်ရန်