တာချီလိတ်နယ်စပ်ကုန်သည်များအသင်းရုံးဖွင့်လှစ်

တာချီလိတ်နယ်စပ်ကုန်သည်များအသင်းရုံးဖွင့်လှစ်
မတ် 17, 2013
By Tachileik News Agency

မတ်လ(၁၇)ရက်နေ့ နံနက်ပိုင်းက တာချီလိတ်မြို့နယ် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနရုံးဝန်းထဲရှိ တာချီလိတ်နယ်စပ်ကုန်သည်များအသင်းရုံးဖွင့်ပွဲ ကို ပြုလုပ်ကျင်းပခဲ့ကြတာဖြစ်ပါတယ်။


အဆိုပါဖွင့်ပွဲအခမ်းအနားမှာ တာချီလိတ်ခရိုင်/မြို့နယ် အဆင့် ဌာနဆိုင်ရာများ၊ ဖိတ်ကြားထားသော ဧည့်သည်များအပြင် ထိုင်းနိုင်ငံ မယ်ဆိုင်မြို့မှ မယ်ဆိုင်မြို့ပိုင် နဲ့အဖွဲ့ဝင်များ၊ ထိုင်း-မြန်မာ နယ်ခြားကော်မတီအဖွဲ့ဝင်များ၊ မယ်ဆိုင်မြို့မှ နယ်စပ်ကုန်သွယ်ရေးအသင်းမှ အဖွဲ့ဝင်များ တက်ရောက်လာခဲ့ကြတာကို တွေ့ရပါတယ်။

{ ထိုင်းနိုင်ငံ မယ်ဆိုင်မြို့ပိုင် နှင့် ဥက္ကဌ ဦးမြင့်ဦး }

ဖွင့်ပွဲအနေဖြင့် တာချီလိတ်ခရိုင် အုပ်ချုပ်ရေးမှူး ဦးသောင်းတင်ထွေး၊ နယ်စပ်ကုန်သွယ်ရေးဦးစီးဌာနမှ ညွှန်ကြားရေးမှူး ဦးမောင်မောင်ထွန်း နဲ့ တာချီလိတ်နယ်စပ်ကုန်သည်များအသင်း ဥက္ကဌ ဦးမြင့်ဦး တို့က  ဖဲကြိုးဖြတ်ဖွင့်လှစ်ပေးခဲ့ကြတာဖြစ်ပါတယ်။  အခမ်းအနားမှာ နယ်စပ်ကုန်သွယ်ရေးဦးစီးဌာနမှ ညွှန်ကြားရေးမှူး ဦးမောင်မောင်ထွန်း နဲ့  တာချီလိတ်နယ်စပ်ကုန်သည်များအသင်း ဥက္ကဌ ဦးမြင့်ဦး တို့က အဖွင့်အမှာစကားပြောကြားကြပြီး  တာချီလိတ်နယ်စပ်ကုန်သည်များအသင်း ဒု-ဥက္ကဌ(၁)ဖြစ်သူ ဦးဌေးအောင်က ဖွင့်ပွဲနဲ့ပတ်သက်တဲ့ ကိစ္စရပ်များကို ရှင်းလင်းတင်ပြသွားခဲ့ကြပါတယ်။

တာချီလိတ်နယ်စပ်ကုန်သည်များအသင်းရုံးမဖွင့်လှစ်မီ ဇန်န၀ါရီလ(၂၀)ရက်နေ့က အောင်မြတ်ခန်းမမှာ အလုပ်အမှုဆောင်သစ်ရွေးချယ်ပွဲကိုလည်း ပြုလုပ်ခဲ့ကြပါတယ်။ ထို့အတူပင် ယခုလ (၄)ရက်နေ့ကနေ (၁၁)ရက်နေ့ထိ ပို့ကုန်/သွင်းကုန် လုပ်ထုံးလုပ်နည်း ရက်တိုသင်တန်းကိုလည်း ပို့ချခဲ့ကြပါတယ်။

တာချီလိတ်နယ်စပ်ကုန်သည်များအသင်းကို  အလုပ်အမှုဆောင်(၁၅)ဦး၊ အသင်းသားဦးရေ(၁၀၇)ဦး နှင့် ကုမ္ပဏီစုစုပေါင်း(၉၀)ဖြင့် ဖွဲ့စည်းထားကြောင်း သိရပါတယ်။

ပုံများကိုကြည့်ရန်