ဦးဘုန်း(ဓါတု) နဲ့ ညီမင်းညို(ဘိုင်အို) တို့က အ.ထ.က(ဆန်ဆိုင်း)မှာ ပညာဒါနပြုလုပ်သွား

ဦးဘုန်း(ဓါတု) နဲ့ ညီမင်းညို(ဘိုင်အို) တို့က အ.ထ.က(ဆန်ဆိုင်း)မှာ ပညာဒါနပြုလုပ်သွား
မတ် 4, 2013
By Tachileik News Agency

မဇ္ဈိမ လူမှုကူညီရေးအသင်းက ပညာဒါနအဖြစ် စာရေး ဆရာဦးဘုန်း(ဓါတု) နဲ့ စာရေးဆရာ ညီမင်းညို ( ဒေါက်တာ ညီပေါက် [ဘိုင်အို ဆရာ] )တို့နဲ့  မတ်လ(၂)ရက်နေ့မှ(၃)ရက်နေ့ထိ နှစ်ရက်တာ ပညာဒါန အစီစဉ်ကို အခြေခံပညာအထက်တန်းကျောင်း(ဆန်ဆိုင်း)မှာ ပြုလုပ်ခဲ့ကြပါတယ်။

ဆရာဦးဘုန်း(ဓါတု) က chemistry ဘာသာရပ် နဲ့ ဆရာ ညီမင်းညိုက Biology ဘာသာရပ်ကို သင်ကြားပေးခဲ့တာဖြစ်ပါတယ်။ အခုလို သင်ကြားရာသို့ အ.ထ.က(တာချီလိတ်)၊ အ.ထ.က(ဆန်ဆိုင်း)၊ အ.ထ.က(ဟောင်လိတ်) နဲ့ အ.ထ.က-ခွဲ(မိုင်းကိုး)တို့မှ ကျောင်းသား/သူများ လာရောက်သင်ယူကြတာကို တွေ့ရပါတယ်။ အခုလို ပညာဒါနအဖြစ် ပြုလုပ်နိုင်ဖို့ မြို့နယ်ပညာရေးမှူး ဦးစိန်ထွန်းလှ ရဲ့ ခွင့်ပြုချက်နဲ့ အ.ထ.က(ဆန်ဆိုင်း)မှာ ပြုလုပ်ဖြစ်တာဖြစ်ပြီး ဆန်ဆိုင်းကျောင်းအုပ်ဆရာကြီး ဦးဝင်းမြင့် နဲ့ ဆရာ/မများက ပါဝင်ကူညီခဲ့ကြတယ်လို့ သိရပါတယ်။

{ ဆန်ဆိုင်းကျောင်းအုပ်ဆရာကြီး နှင့် ဆရာ ဦးဘုန်း(ဓါတု) }
{မဇ္ဈိမလူမှုကူညီရေးအသင်း ဦးတင့်ဆွေ နှင့် ဆရာ ညီမင်းညို}

စာသင်ကြားပေးကြတဲ့ ဆရာဦးဘုန်းနဲ့ ဆရာညီမင်းညို တို့ကို အ.ထ.က(ဆန်ဆိုင်း)ကျောင်းအုပ်ဆရာကြီး ဦးဝင်းမြင့် နဲ့ မဇ္ဈိမ လူမှုကူညီရေးအသင်း ဥက္ကဌ ဦးတင့်ဆွေတို့က လက်ဆောင်ပစ္စည်းများ ပေးအပ်ခဲ့ကြပါတယ်။ ပညာဒါနပြုလုပ်ကြတဲ့ စာရေးဆရာများဟာ မဇ္ဈိမလူမှုကူညီရေးအသင်းနဲ့ ၀ဏ္ဏသိန်းသန်းသတ္တုတူးဖော်ရေးကုမ္ပဏီတို့က ပြုလုပ်တဲ့ စာပေဟောပြောပွဲအတွက် ရောက်ရှိလာရင်း အခုလို ၎င်းတို့ရဲ့ အားလပ်ချိန်မှာ စာသင်ကြားပေးသွားခဲ့ကြတာဖြစ်ပါတယ်။

ပုံများကိုကြည့်ရန်