ဆိုင်ကယ်အချင်းချင်း ယာဉ်တိုက်မှုဖြစ်ပွားရာမှ ဆေးရုံတွင် ဆေးကုသမှုခံယူနေရင်း ဒဏ်ရာရသူ နှစ်ဦး သေဆုံး

ဆိုင်ကယ်အချင်းချင်း ယာဉ်တိုက်မှုဖြစ်ပွားရာမှ ဆေးရုံတွင် ဆေးကုသမှုခံယူနေရင်း ဒဏ်ရာရသူ နှစ်ဦး သေဆုံး
မတ် 26, 2013
By Tachileik News Agency

တာချီလိတ်ရဲစခန်းနဲ့ (၄)မိုင်ခန့်အကွာ တာချီလိတ်-ကျိုင်းတုံသွား အဝေးပြေးကားလမ်းမကြီးပေါ်မှာ မတ်လ(၂၃)ရက်နေ့ ည(၉)နာရီခန့်က ဆိုင်ကယ်(၂)စီးတိုက်မှုဖြစ်ပွားခဲ့ရာမှ နောက်ထပ်ဆိုင်ကယ်တစ်စီးမှ ထပ်မံတိုက်မှုဖြစ်ပွားခဲ့ပြီး လူ(၂)ဦး ဆေးရုံမှာ ဆေးကုသမှုခံယူရင်း သေဆုံးသွားခဲ့ကြောင်း သတင်းရရှိပါတယ်။

{ အလောင်းအား ရင်ခွဲရုံမှ ထုတ်ယူလာစဉ်}

တာချီလိတ်-ကျိုင်းတုံသွား အဝေးပြေးကားလမ်းမကြီးပေါ်မှာ ဆိုင်ကယ်(၂)စီးတိုက်မှုဖြစ်ပွားခဲ့ရာမှ ဆိုင်ကယ်(၁)စီးမှာ မယ်ယန်းကျေးရွာဘက်သို့ ထွက်ပြေးသွားကြောင်း သိရပြီး ယာဉ်တိုက်မှုဖြစ်ပွားရာနေရာမှာ  အသက်(၃၆)နှစ်အရွယ် အမျိုးသားတစ်ဦးနဲ့ အသက်(၃၀)အရွယ် အမျိုးသားတစ်ဦးတို့ မျက်နှာ၊ ဦးခေါင်း နဲ့ ခြေထောက်စတဲ့ နေရာများမှာ ဒဏ်ရာရရှိပြီး သတိလစ်မေ့မျော လဲကျနေတာကို တာဝန်သိ ခရီးသွားတစ်ဦးက ယာဉ်ထိန်းရဲတပ်ဖွဲ့ကို ဖုန်းဆက်အကြောင်းကြားနေစဉ် အတွင်းမှာပဲ လူနှစ်ဦးစီးလာတဲ့ ဆိုင်ကယ်က ယာဉ်တိုက်မှုဖြင့် မေ့မျောနေသူနှစ်ဦးအား ထပ်မံ၍ တိုက်မိရာ
နောက်ဆုံး တိုက်မိသော လူနှစ်ဦးမှာ ဆိုင်ကယ်ကို ထားရစ်ခဲ့ပြီး ထွက်ပြေးသွားကြောင်း သိရပါတယ်။

ပထမ ယာဉ်တိုက်မှုကြောင့် လမ်းမပေါ်မှာ လဲကျနေတဲ့ အသက်(၃၆)နှစ်အရွယ် အမျိုးသားတစ်ဦးနဲ့ အသက်(၃၀)အရွယ် အမျိုးသားတစ်ဦးတို့ကို တာချီလိတ်မြို့ ယာဉ်ထိန်းရဲတပ်ဖွဲ့မှ ရဲအုပ် စံသိန်း၊ ဒု-ရဲအုပ်ရွှေလင်း နဲ့ ယာဉ်ထိန်းရဲအဖွဲ့တို့က ဆေးရုံကို အမြန်ပို့ပေးခဲ့ကြတယ်လို့ သိရပါတယ်။

ဆေးရုံ၌ ဆေးကုသမှုခံယူနေရင်း အသက်(၃၀)အရွယ်အမျိုးသားမှာ မတ်လ(၂၄)ရက်နေ့ နံနက်(၆း၃၀)ခန့်က သေဆုံးသွားခဲ့ပြီး နောက်မကြာမီမှာ အသက်(၃၆)နှစ်ရွယ် အမျိုးသားတစ်ဦးလည်း
သေဆုံးသွားခဲ့ကြောင်း သိရပါတယ်။ ယာဉ်ထိန်းရဲတပ်ဖွဲ့မှ ရဲအုပ်စံသိန်း၊ ဒုရဲအုပ်ရွှေလင်း နဲ့ တာချီလိတ်ရဲစခန်းမှ အမှုစစ် ဒုရဲအုပ် အောင်ဆန်း တို့ရဲ့  စုံစမ်းချက်အရ အသက်(၃၆)နှစ်အရွယ် အမျိုးသားမှာ ယာဉ်မောင်းအလုပ်ကို လုပ်ကိုင်နေသူဖြစ်ပြီး ဖန်မင်ကျေးရွာတွင် နေထိုင်သူ ဦးရဲရွှေ ဖြစ်ကြောင်း သိရပြီး ကျန်တစ်ဦးရဲ့ နေရပ်လိပ်စာကိုတော့ စုံစမ်းဆဲဖြစ်တယ်လို့ သိရပါတယ်။

ယာဉ်တိုက်မှုဒဏ်ရာနဲ့ သေဆုံးသူ(၂)ဦးရဲ့ သင်္ဂြိုဟ်ရန်ကိစ္စများကို မတ်လ(၂၅)ရက်နေ့
နေ့လည်(၂)နာရီက တာချီလိတ်မြို့ရှိ အလင်းရောင်ပရဟိတအသင်းနဲ့ တာချီလိတ်နာရေးကူညီမှုအသင်းတို့ရဲ့ ကူညီမှုနဲ့ ယာဉ်ထိန်းရဲတပ်ဖွဲ့တို့က တာချီလိတ်မြို့မ သချိုင်္င်းမှာ သင်္ဂြိုလ်ပေးခဲ့ကြပြီး အဆိုပါ ယာဉ်တိုက်မှုကိစ္စနဲ့ပတ်သက်ပြီး ယာဉ်ထိန်းရဲတပ်ဖွဲ့မှ အပူတပြင်း စုံစမ်းစစ်ဆေး ဖော်ထုတ်နေကြောင်းလည်း သိရပါတယ်။