တာချီလိတ်မြို့တွင် နေထိုင်ကြသော တိုင်းရင်းသားများ နှင့် အများသိစေရန် အပိုင်း ( ၁ )

တာချီလိတ်မြို့တွင် နေထိုင်ကြသော တိုင်းရင်းသားများ နှင့် အများသိစေရန် အပိုင်း ( ၁ )
အောက်တိုဘာ 28, 2012
By Tachileik News Agency

တာချီလိတ်သတင်း စာမျက်နှာ ရှိ ဆက်သွယ်ရန်မှ တဆင့်ပေးပို့လာတဲ့ မေးလ်ဖြစ်ပါတယ်။ ပေးပို့လာတဲ့ စာရဲ့ ခေါင်းစဉ်မှာ "တာချီလိတ်မြို့တွင် နေထိုင်ကြသော တိုင်းရင်းသားများ နှင့် အများသိစေရန် အပိုင်း ( ၁ )" ဖြစ်ပြီး အချက်အလက်တွေမှာ ထိုင်းနိုင်ငံအတွင်းသို့ သွားရောက် အလုပ်လုပ်မဲ့ အလုပ်လုပ်နေဆဲဖြစ်တဲ့ မြန်မာအလုပ်သမားတွေအတွက် သိသင့်တာများကို စေတနာထားပြီး ပေးပို့လာတာဖြစ်တယ်လို့ ယူဆရတာကြောင့် မူရင်းအာဘော်များအတိုင်း ပြန်တင်ပေးလိုက်ပြီး စာလုံးပေါင်းမှားနေမှုကိုတော့ ပြင်ဆင်ကာ သတင်းအဖြစ် ပြန်လည်တင်ပြလိုက်ပါတယ်။

ယခုကဲ့သို့ အများအကျိုးပြုစေတဲ့ ပေးပို့စာများကို တင်ပေးမှာဖြစ်ပြီး တာချီလိတ်အွန်လိုင်းသတင်း အနေဖြင့် ပြည်တွင်း၌ ရေရှည်တည်တံ့နိုင်ရန်အတွက် ပေးစာ/တိုင်စာ များကိုတော့ တင်ပေးမည်မဟုတ်ပါ။

 {ပေးပို့လာသော မေးလ်}

တာချီလိတ်မြို့ရှမ်ရိုးမကွင်း၏ အရှေဘက်တွင် ဖွင့်လှစ်ထားသော မြန်မာအလုပ်သမားများ ထိုင်းနိုင်ငံတွင် တရားဝင်အလုပ် လုပ်နိုင်ရန် မြန်မာအစိုးရမှ စေတနာထားပြီး ယာယီနိုင်ငံကူးလက်မှတ် ထုတ်ပေးရေးရုံးကို ဖွင့်လှစ်ဆောင်ရွက်ပေးလျှက်ရှိပါသည်။

ထိုသို့ ဆောင်ရွက်ပေးလျှက်ရှိရာတွင် ၂ မျိုးရှိပါသည်။ ပထမ တစ်မျိုးမှာ ထိုင်းနိုင်ငံအတွင်းသို့ တရားမ၀င် ၀င်ရောက်သွားပြီး ထိုင်းနိုင်ငံတွင် အလုပ်ရှင် သိုမဟုတ် ကုမ္ပဏီတွင်အလုပ် လုပ်ပြီး ထိုင်းနိုင်ငံ မှထိုသူတို့၏ အာမခံချက်ဖြင့် ပြုလုပ်ပေးထားသော နေထိုင်ခွင့်လက်မှတ် ထောလော ၃၈/၁ နံပါတ် ၁၃ လုံး ပါရှိသောလက်မှက် ရှိမှပြုလုပ်ပေးခြင်းဖြစ်ပါသည်။

ထိုနေထိုင်ခွင့်လက်မှက်သည် ထိုင်းအစိုးရမှပြုလုပ်ပေးခြင်း ဖြစ်ပြီး နေ့ စဉ်ပြုလုပ်ပေးခြင်းမဟုတ်ပဲထိုင်း
နိုင်ငံအတွင်း တရားမ၀င်နေထိုင်သူတွေများသောအခါနှင့် အလုပ်ရှင်များမှ အလုပ်သမား လိုအပ်ချက်တွေရှိသော အခါတွင် ၀မ်စတော့ ဆားဗစ် နှင့် အချိန် သတ်မှက်၍ ရိုက်ပေးသော စနစ်ဖြစ်ပါသည်။ မိမိလိုအပ်သလို လုပ်ယူ၍မရနိုင်ပါ။ လုပ်ယူလို့ ရခဲ့လျှင်လည်း အတုသာဖြစ်မည်ဟုအသိပေးအပ်ပါသည်။

နေထိုင်ခွင့်လက်မှတ်ရှိသူတိုင်းသည် workpermit အလုပ်လုပ်ခွင့်လက်မှက်ပြုလုပ်ရပါမည်။ ထိုသို့ ပြည်စုံသူမှသာ passport လျှေက်နိုင်ပါသည်။passport လျှောက်ထား ရာတွင် အောက်ပါအချက်များလိုအပ်ပါသည်။

  • ၁။ ထောလော 38/1 နေထိုင်ခွင့်လက်မှတ်
  • ၂။ workparmit အလုပ်လုပ်ခွင့်လက်မှတ်
  • ၃။ ဓါတ်ပုံ ၂ ပုံ 
  • ၄။ နိုင်ငံသားစီစစ်ရေးကဒ်

တို့ဖြင့် ထိုင်းနိုင်ငံအတွင်း passport ပြုလုပ်ပေးသော ကုမ္ပဏီများတွင် လျှေက်ထားရပါမည်။

ထိုလျှောက်ထားသူများစုပေါင်းပြီး ကုမ္ပဏီများမှအဆင့်ဆင့်လျှောက်ထားပေးရပြီး နောက်ဆုံး မြန်မာ
သံရုံးမှ မြန်မာနိုင်ငံသားဖြစ်ကြောင်း အတည်ပြုချက် ရလာမှ passport ထုတ်ယူခွင့်ရမှာ ဖြစ်ပါသည်။ ယခင် passport လျှောက်ထားရာတွင် ၂၅ ရက် မှ ၃၀ရက် ခန့်  သာကြာမြင့် ပြီး passport ထုတ်ယူသောနေ့ မှသာ နိုင်ငံသားဖြစ်ကြောင်း လ၀က မှ စစ်ဆေးပြီး passport စာအုပ်ထုတ် ယူ ရပါသည်။

ယခုအချိန်တွင် နိုင်ငံသားစိစစ်သောကိစ္စကို သံရုံးမှတဆင့် မြန်မာအင်ဖိုတက် ကစစ်ဆေးပြီး အတည်ပြု ပြီးမှသာ passport ထုတ်ယူနိုင် ပြီး ကြာမြင့် ချိန် ၄၅ ရက်မှ ရက်ပေါင်း ၆၀ အထိစောင့်ရပါသည် ။

ယခုအချိန်တွင် ထိုင်းနိုင်ငံမှ မြန်မာအလုပ်သမားများ ၁၄/၁၂/၂၀၁၂ ရက်နေ့တွင် အပြီးလုပ်ရမည်
ဟု သတိပေးထားပြီး ထိုရက်နောက်ပိုင်း passport မပြုလုပ်ပဲ နေထိုင်သူများကို ဖမ်းဆီးပြီး မြန်မာပြည်သို့ ပြန်ပို့မည်ဟု သတိပေးထားပါသည်။