တာချီလိတ်မြို့နယ် မိုင်းဖုန်း(ခ)ကျေးရွာအုပ်စု ပါခုတ်အခြေခံပညာမူလတန်းလွန်ကျောင်းတွင် ပညာရည်ချွန်ဆုပေးပွဲကျင်းပ

တာချီလိတ်မြို့နယ် မိုင်းဖုန်း(ခ)ကျေးရွာအုပ်စု ပါခုတ်အခြေခံပညာမူလတန်းလွန်ကျောင်းတွင် ပညာရည်ချွန်ဆုပေးပွဲကျင်းပ
အောက်တိုဘာ 1, 2012
By Tachileik News Agency

၂၀၁၂ခုနှစ် စက်တင်ဘာ(၃၀)ရက်နေ့ နံနက်(၉း၀၀)နာရီတွင်  တာချီလိတ်မြို့နယ် မိုင်းဖုန်း(ခ)ကျေးရွာအုပ်စု ပါခုတ်အခြေခံပညာမူလတန်းလွန်ကျောင်း၌ ပညာရည်ချွန် ဆုပေးပွဲကျင်းပပြုလုပ်ကြောင်း သိရှိရပါသည်။

အဆိုပါ ဆုပေးပွဲတွင် ဒေသတွင်းရှိ တာဝန်ရှိပုဂ္ဂိုလ်များ ၊ ကျောင်းအုပ်စုမှူးနှင့် အုပ်စုတွင်း ကျောင်းအုပ်ကြီးများ၊ ဆရာဆရာမများပါခုတ်မူလွန်ကျောင်း အကျိုးဆောင်ဥက္ကဌဦးအိုက်နွန်းနှင့် ကျောင်းအကျိုးဆောင်အဖွဲ့ဝင်များ၊ မိဘဆရာအသင်းဝင်များ၊ ကျောင်းသားကျောင်းသူများတက်
ရောက်ခဲ့ကြောင်းသိရှိရပါသည်။

 
 

ပါခုတ်အခြေခံပညာမူလတန်းလွန်ကျောင်းကို ၁၉၆၀ ခုနှစ်တွင် အစိုးရမူလတန်းကျောင်းအဖြစ် စတင်သင်ကြားခဲ့ပြီး ၂၀၀၇ခုနှစ်တွင် မူလတန်းလွန်ကျောင်းအဖြစ် စတင်ခွင့်ပြုခဲ့သဖြင့် သင်ကြားခဲ့ရကြောင်း၊ ကျောင်းအုပ်စုမှူး၏ဦးဆောင်မှုဖြင့် အုပ်စုဒေသအာဏာပိုင်များ၊ ကျောင်းအကျိုး ဆောင်များ ပူးပေါင်းဆောင်ရွက်ခြင်းကြောင့် ယခုအခါ ကျောင်းပိုင်မြေ ၄.၂၂ဧကအား အုတ်တံတိုင်းအပြည့်ကာရံခြင်း၊ အဆောက်အဦ ပြည့်စုံလုံလောက်ခြင်း၊ ပရိဘောဂပြည့်စုံခြင်း ၊ ယင်လုံရေလောင်းအိမ်သာ အပြည့်အ၀ရှိခြင်း၊ စိမ်းလန်းစိုပြည်မှုအားကောင်းလာခြင်းစသည့် ကျောင်းသားကျောင်းသူများအတွက် ကျောင်းဥပဓိရုပ်ပိုင်းဆိုင်ရာ ရလဒ်ကောင်းများ ရရှိနေပြီဖြစ်ကြောင်းသိရှိရပါသည်။

                                  သတင်းပေးပို့သူ-မြတ်မျိုးမြင့်မာန်

ပုံများကိုကြည့်ရန်