တာချီလိတ်မြို့ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်၏ (၄)ရုံးမြောက် ရပ်/ကျေးရုံးအား ပုန်းထွန်ရပ်ကွက်တွင် ဖွင့်လှစ်

တာချီလိတ်မြို့ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်၏ (၄)ရုံးမြောက် ရပ်/ကျေးရုံးအား ပုန်းထွန်ရပ်ကွက်တွင် ဖွင့်လှစ်
အောက်တိုဘာ 16, 2012
By Tachileik News Agency

၂၀၁၂ခုနှစ် အောက်တိုဘာ(၁၆)ရက်နေ့ နံနက်(၉း၁၅)နာရီ မှ နံနက်(၁၀)နာရီထိ တာချီလိတ်မြို့  အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ရဲ့ (၄)ရုံးမြောက် ရပ်/ကျေးရုံးခန်းဖွင့်ပွဲကို ပုန်းထွန်ရပ်ကွက်မှာ ပြုလုပ်ခဲ့ကြပါတယ်။

ဆိုင်းဘုတ်တင်ခြင်းနဲ့ရုံးဖွင့်ပွဲအခမ်းအနားမှာ အဖွဲ့ချုပ်မှ တာချီလိတ်မြို့နယ် ဥက္ကဌ ဦးရဲနီထွန်း နဲ့ ပုန်းထွန် ရပ်/ကျေးရုံး ဥက္ကဌ ဦးရဲထွန်းလွင်တို့က ဖဲကြိုးဖြတ်ဖွင့်လှစ်ခဲ့ကြပြီး ရှမ်းပြည်နယ်ညီလာခံကျင်းပရေးကော်မရှင် မှ ဦးဘခင် နဲ့ ဦးစိုင်းဝင်းမြင့်တို့က  မြန်မာဘာသာ သျှမ်းဘာသာဖြင့် အမှာစကားများပြောကြားခဲ့ပါတယ်။ ဆက်လက်ပြီး အဆိုပါရုံးရဲ့ ဥက္ကဌ နဲ့ အတွင်းရေးမှူးတို့က သ၀ဏ်လွှာဖတ်ကြားခြင်း ကျေးဇူးတင်စကားပြောကြား စသည်တို့ဖြင့် အခမ်းအနားပြီးမြောက်စေခဲ့ပါတယ်။

အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ပုန်းထွန်ရပ်/ကျေးရုံးရဲ့ ဥက္ကဌအဖြစ် ဦးရဲထွန်းလွင် နဲ့ အတွင်းရေးမှူးအဖြစ် ဦးနေမျိုးထွေးတို့က တာဝန်ယူထားတယ်လို့ သိရပါတယ်။

တာချီလိတ်မြို့မှာ စက်တင်ဘာလက စပြီး NLD ရဲ့ ရပ်/ကျေးရုံးခန်းများကို ဖွင့်လှစ်လာခဲ့ကြရာ ယခုဆိုလျှင် (၄)ရုံးမြောက်ဖြစ်ပါတယ်။

ဖွင့်လှစ်ခဲ့ပြီးသော NLD ရဲ့ ရပ်/ကျေးရုံးခန်းများမှာ

  • ၁) ဟောင်လိတ်ကျေးရွာအုပ်စု ရပ်/ကျေးရုံး ( ၂၀၁၂ခုနှစ် စက်တင်ဘာ(၁၇)ရက် )
  • ၂) မိုင်းကိုးကျေးရွာအုပ်စု ရပ်/ကျေးရုံး ( ၂၀၁၂ခုနှစ် စက်တင်ဘာ (၂၇)ရက် )
  • ၃) ဆန်ဆိုင်း(ခ) ရပ်/ကျေးရုံး  ( ၂၀၁၂ခုနှစ် စက်တင်ဘာ (၂၉)ရက် )
  • ၄) ပုန်းထွန် ရပ်/ကျေးရုံး   ( ၂၀၁၂ခုနှစ် အောက်တိုဘာ (၁၆)ရက် )

တို့ဖြစ်ကြောင်းသိရပါတယ်။

မှတ်တမ်းဓါတ်ပုံများကို ကြည့်ရန်