တာချီလိတ်မြို့တွင် ကျင်းပသော မြန်မာ-ထိုင်း ချစ်ကြည်ရေးအထိမ်းအမှတ် စားပွဲတင် တင်းနစ်ပြိုင်ပွဲ နှင့် ဆုပေးပွဲ အခမ်းအနား

တာချီလိတ်မြို့တွင် ကျင်းပသော မြန်မာ-ထိုင်း ချစ်ကြည်ရေးအထိမ်းအမှတ် စားပွဲတင် တင်းနစ်ပြိုင်ပွဲ နှင့် ဆုပေးပွဲ အခမ်းအနား
အောက်တိုဘာ 25, 2012
By Tachileik News Agency

၂၀၁၂ခုနှစ် အောက်တိုဘာ (၂၅)ရက်နေ့မှာ တာချီလိတ်မြို့ ရှိ ဟုတ်တက် တရုတ်ဗုဒ္ဓဘာသာဘုရားကျောင်းမှ ကြီးမှူးကျင်းပတဲ့ မြန်မာ-ထိုင်း ချစ်ကြည်ရေးအထိမ်းအမှတ် စားပွဲတင် တင်းနစ်ပြိုင်ပွဲ ကျင်းပခြင်းနဲ့ ဆုပေးပွဲ အခမ်းအနားကို Relax စားသောက်ဆိုင်မှာ ပြုလုပ်ကျင်းပခဲ့ကြပါတယ်။

{ပထမဆုပေးအပ်}

ပြိုင်ပွဲနဲ့ပတ်သက်ပြီး အောက်တိုဘာ(၂၄)ရက်နေ့က တရုတ်ဗုဒ္ဓဘာသာဘုရားကျောင်းမှာပဲ လက်ရည်စမ်းပွဲအဖြစ် ကစားခဲ့ပြီး အောက်တိုဘာ(၂၅)ရက်နေ့မှာတော့ မြန်မာဘက်မှ ကျိုင်းတုံမြို့ရှိ စားပွဲတင် တင်းနစ်အသင်း နဲ့ တာချီလိတ်မြို့ရှိ စားပွဲတင် တင်းနစ်အသင်း တို့ဖြစ်ပြီး ထိုင်းဘက်မှ ချင်းရိုင်းမြို့ရှိ စားပွဲတင် တင်းနစ်အသင်း နဲ့ မယ်ဆိုင်မြို့ရှိ စားပွဲတင် တင်းနစ်အသင်း တို့ ယှဉ်ပြိုင်ကြပါတယ်။

{ဒုတိယဆုပေးအပ်}
{တတိယဆုပေးအပ်}

ပြိုင်ပွဲအား အဆင့်ဆင့် ယှဉ်ပြိုင်လာခဲ့ကြရာ အသင်း(၄)သင်းရဲ့ ရလဒ်မှာ ပထမဆု အဖြစ် တာချီလိတ်မြို့ရှိ စားပွဲတင် တင်းနစ်အသင်း က ရရှိသွားပြီး ကျိုင်းတုံမြို့ရှိ စားပွဲတင် တင်းနစ်အသင်းမှ ဒုတိယဆု၊ ထိုင်းဘက်မှ မယ်ဆိုင်မြို့ရှိ စားပွဲတင် တင်းနစ်အသင်းက တတိယဆုနှင့်  ချင်းရိုင်းမြို့ရှိ စားပွဲတင် တင်းနစ်အသင်း က စတုတ္ထဆု အသီးသီး ရရှိသွားခဲ့ကြပါတယ်။

{တာချီလိတ်မြို့ စားပွဲတင် တင်းနစ် အဖွဲ့သားများ}
{ကျိုင်းတုံမြို့ စားပွဲတင် တင်းနစ် အဖွဲ့သားများ}

ဆုပေးပွဲ နှင့် ညစာစားပွဲ အခမ်းအနားကို တာချီလိတ်ခရိုင် အုပ်ချုပ်ရေးမှူး ဦးသောင်းတင်ထွေး၊ မြို့နယ်အုပ်ချုပ်ရေးမှူး ဦးရဲထူး နှင့် တာချီလိတ်ခရိုင် ဥပဒေအရာရှိ ဦးစိုင်းကျော်ဇံ  အပါအ၀င် ဟုတ်တက် တရုတ်ဗုဒ္ဓဘာသာဘုရားကျောင်းမှ အဖွဲ့ဝင်များ၊ ပြိုင်ပွဲဝင်များ နှင့် ဧည့်သည်တော်များ တက်ရောက်လာခဲ့ကြတာကို တွေ့ရပါတယ်။

{ထိုင်းနိုင်ငံ မယ်ဆိုင်မြို့ စားပွဲတင် တင်းနစ် အဖွဲ့သားများ}
{ထိုင်းနိုင်ငံ ချင်းရိုင်းမြို့ စားပွဲတင် တင်းနစ် အဖွဲ့သားများ}
ယခုပြုလုပ်သော မြန်မာ-ထိုင်း ချစ်ကြည်ရေးအထိမ်းအမှတ် စားပွဲတင် တင်းနစ်ပြိုင်ပွဲသည် တာချီလိတ်မြို့၌ ပထမဦးဆုံးပြုလုပ်တဲ့ ပြိုင်ပွဲဖြစ်တယ်လို့ သိရပါတယ်။
ဆုပေးပွဲဓါတ်ပုံများကြည့်ရန်