တာချီလိတ်ခရိုင်/မြို့နယ် အမျိုးသမီးရေးရာအဖွဲ့မှ ဓမ္မစကြာနှင့် အနတ္တလက္ခဏသုတ် အကောင်းဆုံး ရွတ်ဖတ်ပူဇော် ပြိုင်ပွဲကျင်းပ

တာချီလိတ်ခရိုင်/မြို့နယ် အမျိုးသမီးရေးရာအဖွဲ့မှ ဓမ္မစကြာနှင့် အနတ္တလက္ခဏသုတ် အကောင်းဆုံး ရွတ်ဖတ်ပူဇော် ပြိုင်ပွဲကျင်းပ
အောက်တိုဘာ 27, 2012
By Tachileik News Agency

အောက်တိုဘာ(၂၇)ရက်နေ့ နေ့လည်(၁၂း၁၅)နာရီက တာချီလိတ်ခရိုင်/မြို့နယ် အမျိုးသမီးရေးရာအဖွဲ့မှ ကျင်းပပြုလုပ်တဲ့ ဓမ္မစကြာနှင့် အနတ္တလက္ခဏသုတ် အကောင်းဆုံးရွတ်ဖတ်ပူဇော် ပြိုင်ပွဲကို တာချီလိတ်မြို့နယ်ဓမ္မာရုံထဲမှာ ကျင်းပခဲ့ကြပါတယ်။

 

အဆိုပါပြိုင်ပွဲသို့ ၀င်ရောက်ယှဉ်ပြိုင်တဲ့အသင်း (၁၀)သင်းရှိကြောင်း သိရပါတယ်။ ပြိုင်ပွဲဝင်(၁၀)သင်းမှာ

  • ၁) ထွေ/အုပ် ၀တ်အသင်း
  • ၂) ခရိုင်ရဲတပ်ဖွဲ့ ၀တ်အသင်း
  • ၃) အဘိဓမ္မာပြန့်ပွားရေး ၀တ်အသင်း
  • ၄) ဂေါ်ရခါးမဂ္ဂင်ရိပ်သာ ၀တ်အသင်း
  • ၅) ပုန်းထွန်+တာလော့ ၀တ်အသင်း
  • ၆) ဆန်ဆိုင်း(က+ခ) ၀တ်အသင်း
  • ၇) ၀မ်ကောင်း+မယ်ခေါင် ၀တ်အသင်း
  • ၈) အ.ထ.က(တာချီလိတ်) ၀တ်အသင်း
  • ၉) အ.ထ.က(ဆန်ဆိုင်း) ၀တ်အသင်း
  • ၁၀) အ.ထ.က[ခွဲ] (ဟောင်လိတ်) ၀တ်အသင်း

တို့ဖြစ်ကြပြီး ပြိုင်ပွဲဝင် အသင်းတစ်သင်းရဲ့ အင်အားကို (၁၅)ယောက် သတ်မှတ်ပေးထားပြီး အရံအဖြစ် (၃)ဦးထည့်သွင်းထားကာ စုစုပေါင်း တစ်သင်းမှာ (၁၈)ဦးရှိပြီး ပြိုင်ပွဲဝင်ဝတ်ရွတ်အသင်း(၁၀)သင်းရဲ့ အင်အားမှာ (၁၈၀)ဦးရှိပါတယ်။

ပြိုင်ပွဲကာလကို အောက်တိုဘာ(၂၇)ရက်နေ့မှ အောက်တိုဘာ(၂၉)ရက်နေ့ထိ သတ်မှတ်ပေးထားပြီး ဆုပေးပွဲကိုတော့ အောက်တိုဘာ(၃၀)ရက်နေ့ ညနေ(၄)နာရီ တာချီလိတ်ရွှေတိဂုံစေတီတော်မှာ ကျင်းပမယ်လို့ သိရပါတယ်။

ပုံများကို ကြည့်ရန်