မိုင်းကိုး အ.ထ.က(ခွဲ)တွင် တက္ကသိုလ်ဝင်တန်းဖြေဆိုနိုင်သူများအား ဆုချီးမြှင့်

မိုင်းကိုး အ.ထ.က(ခွဲ)တွင် တက္ကသိုလ်ဝင်တန်းဖြေဆိုနိုင်သူများအား ဆုချီးမြှင့်
ဇူလိုင် 20, 2012
By Tachileik News Agency

တာချီလိတ်မြို့နယ် မိုင်းကိုးကျေးရွာအုပ်စု အခြေခံပညာ အထက်တန်းကျောင်း(ခွဲ)မိုင်းကိုးမှ ၂၀၁၂ခုနှစ် တက္ကသိုလ်ဝင်တန်းကို အောင်မြင်စွာဖြေဆိုခဲ့ကြသော ကျောင်းသား/သူများကို ဂုဏ်ပြုဆုချီးမြှင့်ခြင်းအဖြစ် ဇူလိုင်(၁၇)ရက်နေ့က အ.ထ.က(ခွဲ)မိုင်းကိုးမှာ ပြုလုပ်ခဲ့ကြပါသည်။


ဂုဏ်ပြုဆုချီးမြှင့်ခြင်း အခမ်းအနားကို World Visionမှ ဒေသဖွံ့ဖြိုးရေးအစီအစဉ် အဖွဲ့ခေါင်းဆောင် ဦးညွန့်အောင်၊ မိုင်းကိုးကျေးရွာအုပ်ချုပ်ရေးမှူး ဦးစိုင်းကပ်ခမ်း၊ ကျောင်းအကျိုးတော်ဆောင်အဖွဲ့ ဥက္ကဌ ဦးတင်မြင့်ဝင်း နှင့် ကျောင်းအုပ်ဆရာကြီး ဦးအေးသိန်းတို့မှ ကြီးမှူးကျင်းပခဲ့ကြသည်။


အခမ်းအနားတွင် ဆုရရှိသူ ကျောင်းသား ကျောင်းသူ (၇)ဦး နှင့် အောက်ချက် ၄၆.၆၇% ရှိအောင် ကြပ်မတ်သင်ကြားပေးခဲ့ကြသော ဆရာ ဆရာမများအား ဆုများအသီးသီးချီးမြှင့်ပေးခဲ့ကြကြောင်း သိရပြီး ဆုချီးမြှင့်ရာ၌ တာချီလိတ်မြို့ရှိ အလင်းရောင်ပရဟိတအသင်းမှ အလှူငွေ ထိုင်းဘတ်ငွေ ( ၂၀၀၀ )ဘတ် ပါဝင်လှူဒါန်းခဲ့ကြောင်း သတင်းရရှိပါသည်။

ပုံများကို ကြည့်ရန်

တာချီလိတ် အွန်လိုင်းစာမျက်နှာ
www.tachileik.net