တာချီလိတ်မြို့မှာ ကျင်းပတဲ့ ၀ါဆိုဖလား ဂေါက်သီးရိုက် ပြိုင်ပွဲ

တာချီလိတ်မြို့မှာ ကျင်းပတဲ့ ၀ါဆိုဖလား ဂေါက်သီးရိုက် ပြိုင်ပွဲ
ဇူလိုင် 14, 2012
By Tachileik News Agency

၂၀၁၂ခုနှစ်ရဲ့ ဇူလိုင်လ(၁၄)ရက်နေ့မှာ ကျင်းပတဲ့ ၀ါဆိုဖလား ဂေါက်သီးရိုက်ပြိုင်ပွဲကို မဲခေါင်မြစ်ဟိုတယ်က ကြီးမှူးကျင်းပပြီး တာချီလိတ်မြို့ရှိ ရီဂျီနား( Regina ) ဂေါက်ကွင်းမှာ နံနက်(၆း၃၀)နာရီက စတင်ကျင်းပခဲ့ကြပါသည်။

ယခုပွဲမတိုင်မှီ ဇွန်လ(၂၃)နေ့က ကျင်းပတဲ့ အပြည်ပြည်ဆိုင်ရာ မူးယစ်ဆေးဝါးတိုက်ဖျက်ရေးနေ့ အထိမ်းအမှတ်ဂေါက်သီးရိုက်ပြိုင်ပွဲမှာတော့ ပြိုင်ပွဲဝင် ဦးရေ ( ၁၆၀ )ဦး ရှိကြောင်းသိရပါတယ်။
ယခုပွဲမှာတော့ လာရောက်ပြီ်းပြိုင်ပွဲဝင်သော အရေအတွက်မှာ စာရင်းအရ ဦးရေ(၁၀၀)ရှိကြောင်းသိရပါသည်။ ပြိုင်ပွဲတွင် တာချီလိတ်မြို့ (အခြေချ)စစ်ဗျူဟာမှူးကြီးအပါအ၀င် ဂေါက်သီးရိုက်ဝါသနာရှင်များ လာရောက် ယှဉ်ပြိုင်ကြကြောင်း သိရပါသည်။


ဂေါက်သီးရိုက်ပြိုင်ပွဲမှ ဆုရရှိသူများနှင့် ပြိုင်ပွဲဝင်သူများကို မဲခေါင်မြစ်(ကိုးထပ်)ဟိုတယ်မှာ ညနေ(၆း၃၀)မှစပြီး ညစာစားပွဲနှင့်အတူ ဆုပေးပွဲအခမ်းအနားကို ကျင်းပမည်ဖြစ်ကြောင်းသိရပါသည်။

ပုံများကိုကြည့်ရန်

တာချီလိတ်အွန်လိုင်းစာမျက်နှာ
www.tachileik.net