ဒေသဆိုင်ရာဧည့်လမ်းညွှန်(အခြေခံ)သင်တန်းဆင်းပွဲ

ဒေသဆိုင်ရာဧည့်လမ်းညွှန်(အခြေခံ)သင်တန်းဆင်းပွဲ
ဇူလိုင် 28, 2012
By Tachileik News Agency

ဇူလိုင်(၂၈)ရက်နေ့ နံနက်(၈)နာရီတွင် မဲခေါင်မြစ်ဟိုတယ်(ကိုးထပ်)၏ ဒုတိယထပ်၌ ဟိုတယ်နှင့် ခရီးသွားလာရေးလုပ်ငန်း ဝန်ကြီးဌာနမှ ကြီးကြပ်၍ မြန်မာနိုင်ငံဧည့်လမ်းညွှန်များအသင်း၏ ဦးဆောင်မှုဖြင့် ဖွင့်လှစ်သော ဒေသဆိုင်ရာ ဧည့်လမ်းညွှန်(အခြေခံ)သင်တန်း အမှတ်စဉ်(၂/၂၀၁၂) သင်တန်းဆင်းပွဲ အခမ်းအနားကို ကျင်းပခဲ့ကြသည်။




သင်တန်းတွင် စာရင်းအရ သင်တန်းသားဦးရေ(၇၁)ဦးရှိပြီး ဧည့်လမ်းညွှန်စာမေးပွဲကို ဖြေဆိုသူမှာ (၇၀)ဦးရှိကြောင်း သိရသည်။ ဖြေဆိုခဲ့ကြသူများထဲတွင် အမှတ်စဉ်( Roo No.003 ) ဒေါ်ရီရီလွင်မှ
အမှတ်ပြည့် ( ၁၀၀ မှတ် ) ရရှိကြောင်း သိရပါသည်။

သင်တန်းဆင်းပွဲတွင် သင်တန်းသားများကို ဧည့်လမ်းညွှန်သင်တန်း အသိအမှတ်ပြု သင်တန်းဆင်းလက်မှတ်များနှင့် အသင်းဝင်ကဒ်ပြားများပေးအပ်ခဲ့ကြသည်။

သင်တန်းဖွင့်ပွဲကိုတော့ ပြီးခဲ့သော ဇူလိုင်(၁၆)ရက်နေ့က မဲခေါင်မြစ်ဟိုတယ်(ကိုးထပ်)၏ ဒုတိယထပ်တွင် ကျင်းပခဲ့ကြပြီး သင်ကြားခဲ့သော သင်တန်းကာလမှာ (၁၄)ရက် သတ်မှတ်ထားကာ သင်ကြားခဲ့ကြပြီး သင်တန်းပို့ချရာနေရာကိုတော့ အ.ထ.က-တာချီလိတ်ကျောင်းတွင် သင်တန်းပို့ချခဲ့ကြောင်း သိရှိရပါသည်။

တာချီလိတ်အွန်လိုင်းစာမျက်နှာ
www.tachileik.net