မိုင်းကိုး နှင့် တာလေ အ.ထ.က တို့တွင် ယာဉ်စည်းကမ်းနဲ့ မူးယစ်ဆေးဝါး အသိပညာပေး

မိုင်းကိုး နှင့် တာလေ အ.ထ.က တို့တွင် ယာဉ်စည်းကမ်းနဲ့ မူးယစ်ဆေးဝါး အသိပညာပေး
ဇူလိုင် 13, 2012
By Tachileik News Agency

တာချီလိတ်မြို့လေးဟာ နယ်စပ်မြို့ဖြစ်တာနဲ့အညီ ယာဉ်စည်းကမ်း လမ်းစည်းကမ်းနဲ့ ပတ်သက်ပြီး
ကျောင်းသား ကျောင်းသူများကို ဦးစွာ အသိပေးကာမှ ကောင်းမွန်သော ရလဒ်ဖြစ်လိမ့်မယ်လို သက်ဆိုင်ရာများမှ ယူဆဟန်ရှိပါသည်။ ထိုသို့ ယူဆခြင်းသည်လည်း မှန်ပါသည်။


ကျောင်းသို့ စက်ဘီး ဆိုင်ကယ်များဖြင့် သွားလာကြသည်ကို တွေ့မြင်နေရသည်ဖြစ်ရာ တစ်ချို့ ကျောင်းသားများသည် ဆိုင်ကယ်များကို အလျင်စလို မောင်းနေကြတာကိုလည်း တွေ့ရသလို စက်ဘီးများ၊ ကျောင်းသား ကျောင်းသူကလေးများမှာ ရပ်၊ ကြည့်၊ သွား မလုပ်ပဲ လမ်းတစ်ဖက်သို့ အလျင်စလို ကူးသွားကူးလာများ လုပ်နေသည်များကိုလည်း တွေ့ရပါသည်။ ထိုကဲ့သို့ ပြုလုပ်နေခြင်းများကို ဆင်ခြင်နိုင်ရန်အတွက် ယာဉ်ထိန်းရဲတပ်ဖွဲ့များက ယာဉ်ပညာပေးဟောပြောပွဲဆိုပြီး တာချီလိတ်မြို့ရှိ အ.ထ.က ကျောင်းများတွင် ပညာပေးဟောပြောပွဲအဖြစ် ပြုလုပ်နေကြောင်းသိရှိရပါသည်။

ဇူလိုင်လ(၁၂)ရက်နေ့က အ.ထ.က(တာချီလိတ်)၊ အ.ထ.က(ဆန်ဆိုင်း)၊ အ.ထ.က(ဟောင်လိတ်) တို့မှာ ကျောင်းသား ကျောင်းသူလေးများကို ယာဉ်ပညာပေး၊ လူမှောင်ခိုကူးမှုပညာပေး၊ မူယစ်ဆေးဝါးရှောင်ရှားရေး စသည့် အသိပညာပေးများကို ဟောပြောခဲ့ကြပါသည်။


ဇူလိုင်လ(၁၃)ရက်မှာတော့ တာချီလိတ်ခရိုင် ယာဉ်ထိန်းရဲတပ်ဖွဲ့တာဝန်ခံ ရဲအုပ်စံသိန်း ဦးစီးသော အဖွဲ့ဝင်များနှင့် တာချီလိတ်မူယစ်အထူးအဖွဲ့မှ ရဲအုပ် မြင့်နိုင်ဦး ဦးစီးသော အဖွဲ့ဝင်များက နံနက်(၉း၃၀)မှာ မိုင်းကိုးကျေးရွာအုပ်စု အ.ထ.က(ခွဲ) နှင့် နေ့လည်(၁)နာရီတွင် တာလေမြို့နယ်ခွဲ အ.ထ.ကကျောင်းတို့၌ ယာဉ်စည်းကမ်း လမ်းစည်းကမ်းနှင့်ပတ်သက်သော သိမှတ်ဖွယ်ရာများနှင့် မူးယစ်ဆေးဝါးနှင့် ပတ်သက်သော ရှောင်ရှားမှတ်သားစရာများကို ပညာပေးဟောပြောခြင်းအဖြစ် ပြုလုပ်ခဲ့ကြကြောင်း သတင်းရရှိပါသည်။


အသိပညာပေးဟောပြောပွဲသို့ မိုင်းကိုးကျောင်းတွင် ( ၅-၆-၇-၈-၉-၁၀)တန်း ကျောင်းသား/ကျောင်းသူ (၄၄၀)ဦ်းနှင့် အ.ထ.က(တာလေ)တွင် (၈-၉-၁၀)တန်း ကျောင်းသား/ကျောင်းသူ (၃၃၄)ဦး တက်ရောက် ခဲ့ကြကြောင်း သိရှိရသည်။

ကျောင်းဖွင့်ရာသီဖြစ်တာနဲ့အညီ ကျောင်းနေကလေးများ ယာဉ်စည်းကမ်း လမ်းစည်းကမ်းကို သိနိုင်မှ မိမိတို့၏ အသက်ကို ကာကွယ်နိုင်မည်ဖြစ်သလို ယာဉ်များကို သတိထားမောင်းနင်နိုင်မည်ဟု မျှော်လင့်ပါသည်။

ပုံများကိုကြည့်ရန်

တာချီလိတ်အွန်လိုင်းစာမျက်နှာ