မဲခေါင်မြစ်ကြောင်းတစ်လျှောက် လေးနိုင်ငံပူးပေါင်းဆောင်ရွက်ရန် နည်းလမ်းသစ်များကို ဖော်ဆောင်

မဲခေါင်မြစ်ကြောင်းတစ်လျှောက် လေးနိုင်ငံပူးပေါင်းဆောင်ရွက်ရန် နည်းလမ်းသစ်များကို ဖော်ဆောင်
ဇူလိုင် 21, 2012
By Tachileik News Agency

ပြီးခဲ့သောနှစ်တွင် မဲခေါင်မြစ်၌ တရုတ်သင်္ဘောသား ၁၃ ဦးအား သတ်ဖြတ်ခဲ့ရာတွင် ကြိုးကိုင်သူအဖြစ်
သံသယရှိသူ မူးယစ်ဘုရင်ကို လာအိုရဲတပ်ဖွဲ့မှ မေးမြန်းစစ်ဆေးမှုများပြုလုပ်ခဲ့သည် ဟု
ပြည်သူ့လုံခြုံရေးဝန်ကြီးဌာန၏ပြောရေးဆိုခွင့်ရှိသူများမှ ကြာသပတေးနေ့တွင် ပြောကြားခဲ့သည်။

{ စိုင်းနော်ခမ်းအား လာအိုရဲတပ်ဖွဲ့မှ မေးမြန်းစစ်ဆေးနေစဉ် Photo: Online News}

လာအိုရဲတပ်ဖွဲ့၏အကြီးအကဲ Sysavath Keomalavong ဦးဆောင်သောအဖွဲ့သည် တရုတ်ပြည်သူ့သမ္မတနိုင်ငံ
အမျိုးသားလုံခြုံရေးဝန်ကြီးဌာန၏ ဖိတ်ကြားမှုအရ နယ်စပ်ဖြတ်သန်းသတ်ဖြတ်ခြင်းများအား ထိန်းချုပ် ကိုင်တွယ် ရန် ၄င်းတို့နှင့် လာရောက်ပူးပေါင်းအင်အားဖြည့်တင်းခဲ့သည်။

လာအိုနှင့်တရုတ်ရဲတပ်ဖွဲ့တို့အကြား မဲခေါင်မြစ်ကြောင်းတစ်လျှောက် လုံခြုံရေးတိုးမြှင့်ထိန်းသိမ်းရန်အတွက် အင်တိုက်အားတိုက် ပူးပေါင်းဆောင်ရွက်ခြင်းရဲ့ အကျိုးရလာဒ်အဖြစ် စိုင်းနော်ခမ်း အားဖမ်းဆီးရမိခဲ့သည်ဟု လာအိုရဲချုပ်မှပြောကြားခဲ့သည်။

လက်နက်ကိုင်မူးယစ်ဒုစရိုက်အဖွဲ့နှင့် နောက်လိုက်အများအပြားပါဝင်သော ဓားပြအဖွဲ့ခေါင်းဆောင်ဟု ၎င်းတို့မှ သတ်မှတ်ထားခြင်းခံရသော စိုင်းနော်ခမ်းသည် တရုတ်သင်္ဘောသားများအားသတ်ဖြတ်မှုဖြင့် လာအိုပိုင်နက်ထဲတွင် ဧပြီ(၂၅)ရက် ၌ ဖမ်းဆီးရမိခဲ့ခြင်းဖြစ်သည်။

ထို့နောက်မှာတော့ မေလ(၁၀)ရက်နေ့ တွင် မူးယစ်ဘုရင်အား တရုတ်နိုင်ငံသို့ ရုံးတင် စစ်ဆေးနိုင်ရန်အတွက် လွှဲပြောင်းအပ်နှံခဲ့သည်။ စိုင်းနော်ခမ်း သည် ပြီးခဲ့သောနှစ် အောက်တိုဘာ(၅) ရက်နေ့တွင် သင်္ဘောနှစ်စင်းပေါ်၌ပါရှိသော တရုတ်သင်္ဘောသား ၁၃ ဦးအား သတ်ဖြတ်မှုတွင် ဒုစရိုက်အဖွဲ့ဝင် အချို့အပါအ၀င် ထိုင်းစစ်သားအနည်းငယ်နှင့် ပူးပေါင်းကာ အစီအစဉ်ရေးဆွဲခဲ့ပြီး ထိုသတ်ဖြတ်မှုအား ဦးဆောင်ခဲ့ကြောင်း ထိုင်း၊ မြန်မာ၊ လာအို နှင့် တရုတ်ပြည်သူ့သမ္မတနိုင်ငံတို့ ပူးပေါင်းထားသော စုံစမ်းထောက်လှမ်းရေးအဖွဲ့က ထင်ထင်ရှားရှားတွေ့ရှိခဲ့ရသည် ဟု တရုတ်ရဲတပ်ဖွဲ့ကပြောကြားခဲ့သည်။

သက်သေခံအချက်အလက်များ လွှဲပြောင်းပေးအပ်ရန်နှင့် ထိုသတ်ဖြတ်မှုအား ဆွေးနွေးတိုင်ပင်ရန်အတွက် ကြာသပတေးနေ့တွင် ထိုင်းနိုင်ငံသို့ အဖွဲ့တစ်ဖွဲ့ေ စလွှတ်ခဲ့ကြောင်း နှင့် မြန်မာနိုင်ငံသို့လည်း အလားတူအဖွဲ့တစ်ဖွဲ့ စေလွှတ်မည်ဖြစ်ကြောင်း ပြည်သူ့လုံခြုံရေးဝန်ကြီးဌာနမှ ပြောကြားခဲ့သည်။

ဒုစရိုက်အဖွဲ့သည် အဖွဲ့ဝင် ၁၀၀ ကျော်ရှိပြီး စက်သေနတ်၊ ဒုံးပျံလက်နက် နှင့် ရိုင်ဖယ်သေနတ်များအား အသုံးပြုကာ အကြမ်းဖက်မှုများ ကျူးလွန်ခဲ့ကြသည်။ ထိုအဖွဲ့သည် မူးယစ်ဆေးဝါးရောင်းဝယ်ခြင်း၊
ပြန်ပေးဆွဲခြင်း၊ လူသတ်ခြင်း၊ ဓါးပြတိုက်ခြင်း နှင့် အခြားရာဇ၀တ်မှုများစွာကို မဲခေါင်မြစ်ကြောင်း တစ်လျှောက်တွင် လွန်ခဲ့သောနှစ်များစွာကတည်းက ကျူးလွန်ခဲ့ကြသည်။

ဝန်ကြီးဌာန၏ပြောကြားချက်အရ ထိုဒုစရိုက်အဖွဲ့သည် ၂၀၀၈ ခုနှစ်ကတည်းက တရုတ်လူမျိုးများနှင့် သင်္ဘောများအား လက်နက်စွဲကိုင်အကြမ်းဖက်မှုများပြုလုပ်ခဲ့ကြသလို လုယက်မှုများအားလည်း (၂၈) ကြိမ်တိုင်တိုင်ကျူးလွန်ခဲ့ကြပြီး ထိုအမှုများတွင်( ၁၆ )ဦးသေပြီး (၃ )ဦးဒဏ်ရာရရှိခဲ့ကြကြောင်း သိရှိခဲ့ရသည်။

စိုင်းနော်ခမ်း အားလွှဲပြောင်းပေးအပ်ခြင်းသည် လာအိုနှင့်တရုတ်ပြည်သူ့သမ္မတနိုင်ငံအကြား ညီရင်းအကို မောင်ရင်းနှမကဲ့သို့ အပြန်အလှန်အကျိုးပြုသော ယုံကြည်အားထားမှုကို ဖော်ဆောင်ခြင်းဖြစ်သည် ဟု ပြည်သူ့လုံခြုံရေးဝန်ကြီး Meng Jianzhu ၏ ဇူလိုင်(၉) ရက် တွင် လာအိုသို့ လာရောက်ခဲ့သော ခရီးစဉ် အတွင်း ပြေကြားခဲ့သည်။

မဲခေါင်မြစ်ကြောင်းတစ်လျှောက်တွင် သင်္ဘောများ ဘေးကင်းလုံခြုံရေးအား တိုးမြှင့်ထိန်းသိမ်းရန်အတွက် အခြားသော ဒုစရိုက်အဖွဲ့ဝင်များကိုလည်း ဖယ်ရှားရန် ဆက်လက်ဆောင်ရွက်ခြင်း နှင့် မလစ်ဟာသော စုံစမ်းစစ်ဆေးခြင်းများအား ညွှန်ကြားစီမံနိုင်ရန်အတွက် တရုတ်ပြည်သူ့သမ္မတနိုင်ငံနှင့် ပူးပေါင်း
ဆောင်ရွက်ခြင်းအား ဆက်လက်ခိုင်မြဲစေရန် လာအိုရဲတပ်ဖွဲ့မှ ဆန္ဒရှိခဲ့သည် ဟု လာအိုရဲတပ်ဖွဲ့၏ အကြီးအကဲ Sysavath Keomalavong မှပြောကြားခဲ့သည်။

တရုတ်ပြည်သူ့သမ္မတနိုင်ငံ၊ လာအို၊ မြန်မာ နှင့် ထိုင်း နိုင်ငံ တို့၏ အစိုးရ၀န်ကြီးအဖွဲ့ဝင်များဟာ ပြီးခဲ့တဲ့နှစ် အောက်တိုဘာ(၃၁)ရက်နေ့တွင် တရုတ်နိုင်ငံ ပေကျင်းမြို့၌ တွေ့ဆုံခဲ့ကြပြီး မဲခေါင်မြစ်ကြောင်း တစ်လျှောက် သယ်ယူပို့ဆောင်ရေးတွင် ပူပန်ကြောင့်ကြမှုများမှ ကင်းဝေးရန်၊ နယ်စပ်ဖြတ်ကျော်မှုခင်းများအား ဖြိုခွင်းလျော့ချရန်အတွက် ပူးပေါင်းဆောင်ရွက်မှုများရယူရန် သဘောတူညီခဲ့ကြသည်။

“မဲခေါင်မြစ်ကြောင်းတစ်လျှောက်ဖွဲ့စည်းတပ်ဆင်ထားသော တရားဥပဒေစိုးမိုးရေးပူးပေါင်းဆောင်ရွက်မှု” ၏ဘောင်အောက်တွင် လာအို၊ မြန်မာ၊ ထိုင်း နှင့် တရုတ်ပြည်သူ့သမ္မတနိုင်ငံ လေးနိုင်ငံတို့ဟာ အပြန်အလှန်နားလည်မှု၊ တရားဥပဒေစိုးမိုးရေး နှင့် ကူညီရိုင်းပင်းခြင်း၊ အများပြည်သူနှင့် သက်ဆိုင်သော စီမံခန့်ခွဲခြင်းများတွင် ဖရိုဖရဲဖြစ်ခြင်းများအား ကောင်းစွာကိုင်တွယ်ဖြေရှင်းရန်၊ အရေးပေါ်ဖြစ်ရပ်များ
အနေဖြင့်ပေါ်ပေါက်လာသော ပြစ်မှုများကျူးလွန်ခြင်းများကို တားဆီးတွန်းလှန်ရန် နှင့် ကိုင်တွယ်ဖြေရှင်းရန်အတွက် နည်းလမ်းအသစ်များကို ဖော်ဆောင်ခဲ့ကြကြောင်း ထိုင်းနိုင်ငံ သတင်းဌာနတစ်ခုမှ သိရှိရပါသည်။

တာချီလိတ်အွန်လိုင်းစာမျက်နှာ
www.tachileik.net