ပုန်းထွန် (၁)လမ်းပေါ်တွင် ဆိုင်ကယ်ခိုးသူဟု ယူဆရသူအား ဆိုင်ကယ်နှင့်အတူ ဖမ်းဆီးရမိ

ပုန်းထွန် (၁)လမ်းပေါ်တွင် ဆိုင်ကယ်ခိုးသူဟု ယူဆရသူအား ဆိုင်ကယ်နှင့်အတူ ဖမ်းဆီးရမိ
ဇူလိုင် 28, 2012
By Tachileik News Agency

ဇူလိုင်(၂၆)ရက် ည ၈နာရီ ၄၅မိနစ်ခန့်တွင် ပုန်းထွန် (၁)လမ်းပေါ်၌ ဆိုင်ကယ်ခိုးယူလာသူဟု မသင်္ကာဖွယ်ရှိသူထံမှ ဆိုင်ကယ်နှင့်အတူ ဖမ်းဆီးရမိကြောင်း သတင်းရရှိသည်။


၂၀၁၂ခုနှစ် ဇူလိုင်(၂၆)ရက်နေ့ ညပိုင်းတွင် နယ်ထိန်းခေါင်းဆောင် ဒုရဲအုပ် မြင့်ထွေး ခေါင်းဆောင်သော နယ်ထိန်းတပ်ကြပ်အေးမြင့်၊ ဒုတပ်ကြပ် ဇော်မိုးမင်းတို့ နှင့် ပုန်းထွန်ရပ်ကွက် အုပ်ချုပ်ရေးအဖွဲ့ဝင်များသည် မှု့ခင်းကင်းစင်ရက်သတ္တပတ်(Crime Free Week)စီမံချက်အရ လှည့်ကင်းဆောင်ရွက်ရင်း တာချီလိတ်မြို့နယ်
ပုန်းထွန်ရပ်ကွက်၊ (၁)လမ်းပေါ်တွင် Honda Wave 110 ကို မောင်းနင်လာသူ အသက်(၂၁)နှစ်အရွယ် အမျိုးသားတစ်ဦးအား မသင်္ကာဖွယ်တွေ့ရှိရ၍ တားမြစ်စစ်ဆေးမေးမြန်းရာမှ ၎င်းမောင်းနင်လာသော ဆိုင်ကယ်မှာ ပိုင်ဆိုင်ကြောင်း အထောက်အထား တစ်စုံတစ်ရာ ပြသနိုင်ခြင်းမရှိသဖြင့် အခြားတစ်နေရာမှ ခိုးယူလာသည်ဟု မသင်္ကာ၍ ဆိုင်ကယ်အား သိမ်းဆည်းကာ ၎င်းအား ဥပဒေအရ အရေးယူ
ဆောင်ရွက်လိုက်ကြောင်း သတင်းရရှိပါသည်။

မှု့ခင်းကင်းစင်ရက်သတ္တပတ် (Crime Free Week)စီမံချက်အဖြစ် ပုန်းထွန်ရပ်ကွက်အတွင်း ကင်းလှည့်ရာ ပြီးခဲ့သော ဇူလိုင်(၂၁)ရက်နေ့ ညပိုင်းတွင် စိတ်ကြွရူးသွပ်ဆေးပြား(၂၄)ပြားနှင့် ဘိန်းဖြူ (၄)ဂရမ် ကို ဖမ်းဆီးရမိပြီး ယခု ဇူလိုင်(၂၅)တွင် ဆိုင်ကယ်ခိုးသူဟု ယူဆရသော လူအား ဖမ်းဆီးရမိသည်။ ယခု အမှုအပါအ၀င် ဆိုင်ကယ်ခိုးယူသူဟု ယူဆရသော ဆိုင်ကယ်ခိုးမှု(၂)မှုနှင့် အထက်ပါမူးယစ်ဆေးဝါးများကို ပုန်းထွန်ရပ်ကွက်အတွင်း မှု့ခင်းကင်းစင်ရက်သတ္တပတ် (Crime Free Week)စီမံချက်၌ ဖမ်းဆီးရမိသည်။

တာချီလိတ်အွန်လိုင်းစာမျက်နှာ
www.tachileik.net