ကချင်ရွာလမ်းတစ်နေရာတွင် စိတ်ကြွရူးသွပ်ဆေးပြား ( ၁၃ )ပြား ဖမ်းမိ

ကချင်ရွာလမ်းတစ်နေရာတွင် စိတ်ကြွရူးသွပ်ဆေးပြား ( ၁၃ )ပြား ဖမ်းမိ
ဇူလိုင် 13, 2012
By Tachileik News Agency

၂၀၁၂ခုနှစ် ဇူလိုင် ( ၁၂ )ရက်နေ့တွင် မှုခင်းရက်သတ္တပတ်( Crime Free Week ) စီမံချက်အရ နယ်ထိန်းတပ်ကြပ်ကြီးအောင်စိုးမိုး ဦးဆောင်သော နယ်ထိန်းအဖွဲ့တို့သည် ၀မ်ကောင်းရပ်ကွက် ကချင်ရွာသွားလမ်းတစ်လျှောက် မသင်္ကာသည်များကို စစ်ဆေးနေလျက်ရှိရာ ည (၁၀:၄၅)အချိန်တွင် တရုတ်နိုင်ငံထုတ် Anbo အမျိုးအစား အဖြူရောင် နံပါတ်မပါသော ဆိုင်ကယ်တစ်စီးကို တားမြစ်ဆေးစစ်ရာ အသက်(၂၇)နှစ်အရွယ်ရှိ အမျိုးသားတစ်ဦးထံတွင် စိတ်ကြွရူးသွပ်ဆေးပြားဟု ယူဆရသည့် WY စာတမ်းပါ ပန်းရောင် စိတ်ကြွဆေးပြား ( ၁၃ )ပြားကို တွေ့ရှိရ၍ စိတ်ကြွဆေးပြားများအား သိမ်းဆည်းပြီး တရားခံဖြစ်သူအား အရေးယူဆောင်ရွက်ရန်အတွက် နယ်ထိန်းခေါင်းဆောင် ဒုရဲအုပ် မြင့်ထွေးမှ အမှုဖွင့်ထားပြီး ယခုဖမ်းဆီးရမိသော မူးယစ်ဆေးဝါးများကို မည်သည့်နေရာမှ ၀ယ်ယူရရှိခဲ့သည်ကို ဆက်လက်ဖော်ထုတ်နေကြောင်း သတင်းရရှိပါသည်။

တာချီလိတ်အွန်လိုင်းစာမျက်နှာ
www.tachileik.net