တာချီလိတ် မြို့နယ်အုပ်ချူပ်ရေးမှူး ဖလား (အလွတ်တန်း)အမျိုးသား ဘောလုံးပြိုင်ပွဲ

တာချီလိတ် မြို့နယ်အုပ်ချူပ်ရေးမှူး ဖလား (အလွတ်တန်း)အမျိုးသား ဘောလုံးပြိုင်ပွဲ
ဇူလိုင် 16, 2012
By Tachileik News Agency

၂၀၁၂ခုနှစ်ရဲ့ မြို့နယ်အုပ်ချူပ်ရေးမှူး(ဖလား) ရပ်ကွက်/ကျေးရွာ (အလွတ်တန်း) အမျိုးသား ဘောလုံးပြိုင်ပွဲ ကို ဇူလိုင်(၁၆)ရက်နေ့မှာ စတင်ကျင်းပခဲ့ပါသည်။ ပြိုင်ပွဲမကျင်းပမီ တွင် ဌာနဆိုင်ရာ ဘောလုံးအသင်းနှင့် တာချီလိတ်ခရိုင်(Old Star )ဘောလုံးအသင်းတို့ ချစ်ကြည်ရေးခြေစစ်ပွဲအဖြစ် ယှဉ်ပြိုင်ကစားကြသည်။ ချစ်ကြည်ရေးခြေစစ်ပွဲတွင် တစ်ဖက်(၂)ဂိုးစီ သရေဖြင့် ပြီးဆုံးခဲ့ကြသည်။

ပထမဆုံးပွဲဦးထွက်အဖြစ် ယှဉ်ပြိုင်ကစားကြမည့် မိုင်းဖုန်း(က) နှင့် ပုန်းထွန် (အုပ်စု-က)တို့ဖြစ်ပြီး ပြိုင်ပွဲဖွင့်လှစ်ခြင်းကို မြို့နယ်အုပ်ချူပ်ရေးမှူး ဦးရဲထူးမှ ဘောလုံးကို ကွင်းအတွင်းသို့ ကန်သွင်း၍ ပြိုင်ပွဲကို ဖွင့်လှစ်ပေးခဲ့သည်။

ပြိုင်ပွဲကို ၁၆.၇.၂၀၁၂ မှ ၂၆.၈.၂၀၁၂ထိ ပွဲစဉ်(၃၉)ပွဲ ပြုလုပ်ကျင်းပမှာဖြစ်ကြောင်း သိရှိရသည်။

ပြိုင်ပွဲဝင် အုပ်စုအလိုက်မှာ -

  • အုပ်စု ( က )

(၁) မိုင်းဖုန်း(က)
(၂) ၀မ်ကောင်း
(၃) ဆန်ဆိုင်း(က)
(၄) ပုန်းထွန်

  • အုပ်စု(ခ)

(၁) မိုင်းဖုန်း(ခ)
(၂) ဖန်မင်
(၃) မကာဟိုခမ်း
(၄) လွယ်တော်ခမ်း

  • အုပ်စု(ဂ)

(၁) တာလော့
(၂) ဆန်ဆိုင်း(ခ)
(၃) မယ်ခေါင်(ခ)
(၄) ဟောင်လိတ်(က)

  • အုပ်စု ( ဃ )

(၁) မယ်ခေါင်(က)
(၂) ဟောင်လိတ်(ခ)
(၃) တာလေ
(၄) မိုင်းကိုး

တို့ဖြစ်ကြသည်။

  • ပထမအဆင့် အုပ်စုပတ်လည်ပွဲစဉ်ဇယား ကို ( ဒီမှာ ) ကြည့်ပါ။
  • ဒုတိယအဆင့် အုပ်စုပတ်လည်ပွဲစဉ်ဇယား ကို ( ဒီမှာ ) ကြည့်ပါ။

ပုံများကို ကြည့်ရန်

တာချီလိတ်အွန်လိုင်းစာမျက်နှာ
www.tachileik.net